အပိုင်း၉၆ : ပြိုင်စံရှား (၅)

170 41 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူခဏလောက်ထပ်အိပ်ချင်သေးသော်ငြား သူမျက်လုံးဖွင့်သည့်အချိန်တွင်အစောပိုင်းအာရုဏ်တတ်ချိန်သို့ရောက်နေခဲ့၏။

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’သည်သင့်လူဝင်စားအားစောင့်ရှောက်ရန် သင့်အားတိုက်တွန်းသည်။]

ယူရီယယ်ရဲ့မက်ဆေ့ခ်ျကြောင့်သူ့မျက်လုံးတောင်အလိုလိုကြောင်သွားရ၏။

သေစမ်း၊ငါမနေ့က‘စပွန်ဆာကြေညာချက်’ထုတ်ပြီးကတည်းက ကြယ်တာရာတွေပွစိပွစိလုပ်နေခဲ့တာ။

[ကြယ်တာရာ‘ရွှေခေါင်းဆောင်း၏အကျဉ်းသား’သည် သင့်ရွေးချယ်မှုအားတခစ်ခစ်ရယ်နေသည်။]

အမှန်တော့ သူ့ဒဏ္ဍာရီပုံပြင်မှာသေချာမတည်ဆောက်ရသေးသည့်အတွက် စပွန်ဆာတစ်ယောက်ဖြစ်လာဖို့ဆိုတာမည်သို့မျှမဖြစ်နိုင်။သူ့တွင်သာမန်စပွန်ဆာတစ်ဦးပေးနိုင်သည်ထက်ပိုများသော ပိုက်ဆံများရှိသော်ငြား ကိုယ့်လူဝင်စားအား စတခ်ျမာမပေးနိုင်သည့်စပွန်ဆာဟာ အနှောက်အယှက်မျှသာဖြစ်၏။

[များစွာသောကြယ်တာရာများသည် သင့်ရွေးချယ်မှုအားသိချင်နေကြသည်။]

[အချို့သောကြယ်တာရာများသည်သင့်လုပ်ရပ်ဟာအဓိပ္ပာယ်မရှိဘူးဟုထင်မြင်နေကြသည်။]

သူလူဝင်စားထားရှိသည့်အပေါ်  ကြယ်တာရာများ၏အမြင်မှာနှစ်ခြမ်းကွဲသွားသည်။သူ့လုပ်ရပ်အားကြိုက်နှစ်သက်ကြသူများမှာ‘လူဝင်စားရှာဖွေသူများ’ဖြစ်ကြပြီး မနှစ်မြို့သူများကတော့ ‘အပျော်ရှာဖွေကြသူများ’ပင်။

ဒါပေါ့ ဘက်ဘက်‌ပါလို့ပါမှန်းမသိတဲ့ကြယ်တာရာတစ်ပါးလည်းကျန်သေးသပါ့။

[ကြယ်တာရာပဟေဠိအကြံရှင်သည် သင့်ဗျူဟာအားစိတ်ဝင်တစားစောင့်ကြည့်နေသည်။]

[ဒင်္ဂါး၁၀၀၀စပွန်ဆာပေးသည်။]

ပထမစစချင်းတုန်းက ထိုကြယ်တာရာရဲ့ဂုဏ်ပုဒ်ကိုမြင်တော့သာမန်အညတရကြယ်တာရာတစ်ပါးလို့သာထင်ထားခဲ့‌ပေမဲ့ ခုတော့သူစိတ်ပြောင်းသွားခဲ့လေပြီ။ထိုကြယ်တာရာလှူဒါန်းတဲ့ပမာဏကသာမန်ထက် များလွန်းနေ၏။ထို့အတွက်ကြောင့်၎င်းသည် အနည်းဆုံး‘ဒဏ္ဍာရီ’အဆင့်လောက်ရှိနိုင်သည်။သို့ပေသိ သူရှင်သန်ရာနည်းလမ်းများ၌ မည်သို့ပင်အခေါက်ခေါက်အခါခါရှာခဲ့ပါစေ ‘ပဟေဠိအကြံရှင်’ဆိုသည့်နာမည်ကိုတော့ရှာမရခဲ့။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now