အပိုင်း ၇၅ : ဘုရင်မဲ့ကမ္ဘာ (၆)

206 40 3
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူသတိပြုမိလိုက်သည်နှင့်အတူ ဆုန်းမင်ဝူးသူ့အရှေ့သို့ရုတ်ချည်းရောက်လာခဲ့သည်။၎င်းဟာအတော်လေးကိုကြောက်မက်ဖွယ်ကောင်းသည့်အရှိန်မျိုးပင်။ဒီလိုအရှိန်မျိုးရဖို့ဆို လျင်မြန်ဖျတ်လတ်နှုန်းကအနည်းဆုံး40အထက်ရှိမှသာ။

“မင်းက?”

ဆုန်းမင်ဝူးအသံမှာအတော်လေးအက်ကွဲနေသည်မို့ ဒီကောင်ပြင်ပမျိုးစိတ်အဖြစ် ပြောင်းလဲမှုကလုံးလုံးကြီးပြီးမြောက်သွားခဲ့မှန်း သိလိုက်ရသည်။

[အဆင့်၆ပြင်ပမျိုးစိတ် ဆုန်းမင်ဝူးသည်‘သားရဲကောင်၏ခြိမ်းခြောက်ခြင်းLv.5’ကိုအသုံးပြုသည်။]

[ဇာတ်ကောင်‘ဟန်ဆူယုန်း’သည်‘စိတ်တံတိုင်းLv.3’ကိုအသုံးပြုသည်။]

[ဇာတ်ကောင်‘ဟန်ဆူယုန်း’သည်သားရဲကောင်၏ခြိမ်းခြောက်ခြင်း စွမ်းအားတစ်ချို့အားဖြေလျော့လိုက်သည်။]

ထိုအချိန်မှာပင် ဆုန်းမင်ဝူး၏လက် ဆန့်ထွက်လာပြီးဟန်ဆူယုန်း၏လည်ပင်းအားဖမ်းဆွဲလိုက်၏။

“အွတ်...”

ဟန်ဆူယုန်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာအကောင်းကြီးမ‌ဟုတ်သော်ငြား သူမယခုအခြေအနေအားခံနိုင်ရည်ရှိလောက်သည်အထိတော့သန်မာနေသေးသည်။

အဆင့်၆ပြင်ပမျိုးစိတ်များသည် အခုလက်ရှိတွင်အဆိုးဆုံးရန်သူများဖြစ်ကြသည်။

၎င်းတို့သည်အဆင့်၅မီးနဂါးနှင့်ယှဉ်လျှင်ကွဲပြားကြပြီး ထိုအချိန်တုန်းက သူ့ရှိရေခဲစွမ်းရည်သည် မီးစွမ်းရည်အားကျော်လွန်နိုင်ခဲ့သလို အကောင်ကြီးသတ္တဝါများ၏နှေးကွေးမှုကိုအသုံးချကာအနိုင်ယူနိုင်ခဲ့‌လေ၏။

သို့သော်ယခုက...

ဆုန်းမင်ဝူးကသူ့အားစိုက်ကြည့်ကာ“မင်းငါ့ဒင်္ဂါးခြံကိုဖျက်ဆီးပစ်လိုက်တာလား?”

ဆုန်းမင်ဝူး၏စကားမှာအမေးဖြစ်သော်ငြား သူ့အသံထဲတိကျသေချာခြင်းတို့ပါဝင်နေ၏။ဟန်ဆူယုန်းတစ်ယောက်ဆုန်းမင်ဝူး၏ဖြူလွှလွှအစွယ်တွေကိုမြင်လိုက်ရသည်နှင့်အတူအော်ဟစ်လာတော့သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now