အပိုင်း ၇၂ : ဘုရင်မဲ့ကမ္ဘာ (၃)

209 43 2
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

(*သွေးထွက်သံယိုအပိုင်းအချို့နဲ့ ၁၈+နည်းနည်းလေးပါနေပါတယ် စာမျက်နှာတစ်ဝက်လောက်ပဲ)

ပထမဆုံးပုံပြင်တစ်ပုဒ်တည်ဆောက်ပြီးသွားပြီ။၎င်းနှင့်သာဆို စတုတ္ထဇာတ်ကွက်၏အဓိကရည်ရွယ်ချက်ပြီးမြောက်သွားခဲ့ပြီဖြစ်၏။

“ဒါဆိုအခုဘာဖြစ်တော့မှာလဲ?”

“မင်းဘာလို့အဲ့ပလ္လင်ကိုချိုးပစ်တာလဲ?”

ယခုအခြေအနေကြောင့်စိတ်ရှုပ်ထွေးနေကြသောလူများရှိနေကြပြီး ဒေါသထွက်နေသောဒိုကဲဘီဘာလုပ်မလဲဆိုတာကိုကြိုတွေးကာကြောက်ရွံ့နေကြသောလူများလည်းရှိ၏။

လက်ရှိလူများအမြင်နှင့်ဆို သူသည် ပဉ္စမမြောက်ဇာတ်ကွက်ကိုခက်ခဲအောင်လုပ်ခဲ့သောအပြစ်သားတစ်ယောက်မျှသာ။လူတစ်ချို့မှာဒိုကဲဘီအားအော်ပြော၏။

“အကြွင်းမဲ့ပလ္လင်ကိုထပ်လုပ်ပေး!ဇာတ်ကွက်ကိုထပ်လုပ်ကြမယ်။”

“ဒီတစ်ကြိမ်ငါပလ္လင်ပိုင်ရှင်ဖြစ်စေရမယ်”

[ပြီးဆုံးပြီးသားဇာတ်ကွက်တွေကိုဘယ်သူမှပြန်ပြောင်းလို့မရဘူး။အခုအချိန်ကစမင်းတို့ဆီမှာဖြစ်လာမဲ့ဘယ်အရာမဆို ဒီလူသားအမှားလို့သာမှတ်ပေတော့”

အလတ်တန်းဒိုကဲဘီ၏အဖြေမှာအေးစက်နေသည်။

ထိုဒိုကဲဘီကသူ့အားလက်ညိုးထိုးပြသည်နှင့်အတူ ထိုနေရာရှိလူများ၏ရွဲရွဲစိုနေသောပုခုံးများတုန်ယင်လာကြသည်။

[ဘုရင်တွေမရှိတဲ့ကမ္ဘာ?ကောင်းပြီလေ တစ်ကြိမ်လောက်စမ်းကြည့်ရအောင်။ဆုံချက်မရှိဘဲ မင်းတို့ကောင်တွေဘယ်လောက်ထိများခံနိုင်မလဲကြည့်ကြသေးတာပေါ့]

အလတ်တန်းဒိုကဲဘီလက်ဖျောက်တီးလိုက်သည်နှင့် ဂွမ်ဟွာမွန်းရှိလူများအားလုံးမီးခိုးငွေ့များကဲ့သို့ပျောက်ကွယ်ကုန်သည်။ထိုအ‌ခြေ‌အနေကြောင့်လူများအော်ဟစ်ကာထွက်ပြေးကြလေသည်။

“ဘာ?ရုတ်တရက်ကြီးဘာတွေဖြစ်နေတာလဲ?!”

....၎င်းဟာကြိုးမတွေးထားမိသည့်အရာပင်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now