အပိုင်း ၂၈ : မြေရှင် (၂)

312 56 8
                                    

ဆိုးယုတ်သူ၁၀ပါး။

ထိုဇယားနှင့်အဆင့်သတ်မှတ်ချက်တွေဟာ ယူဂျွန်ဟော့၏ ပြန်လည်ရှင်သန်ခြင်းစက်၀န်းပေါ်မူတည်ကာမကြာခဏပြောင်းလဲကြသည်။သို့ပေသိ ထိုလူ၁၀ယောက်သည် ရှင်သန်ရာနည််းလမ်းများ၏အဓိကဗီလိန်များအဖြစ်တာ၀န်ယူထားရသူများဖြစ်၏။

ချွန်းမူရိုလက်နက်ကိုင်ခံတပ်၏သခင်ဖြစ်သည့် ဂွန်ဖီလ်ဒုသည်ထိုဆိုးယုတ်သူ၁၀ပါးထဲမှတစ်ယောက်ဖြစ်သည်။ထို့အတွက်ကြောင့်ပင် လူတစ်ယောက်သည်(သူကဲ့သို့)ရှင်သန်ရာနည်းလမ်းများ
ကိုအဆုံးထိမဖတ်ထားပါက ဂွန်ဖီလ်ဒုအားသတိပြုမိမည်မဟုတ်။

[အစိမ်းရောင်ဇုန် ၅၆/၇၀]

စင်စစ်ကိုထိုလူအခန်း၏အရွယ်အစားမှာကွဲပြားသည်။သို့သော်အခန်း၏အရွယ်အစားအားလွယ်လွယ်နှင့်တိုင်းတာမရချေ။ထိုအစိမ်းရောင်ဇုန်တစ်ခုလုံးသည် ဂွန်ဖီလ်ဒု၏နယ်မြေဖြစ်၏။

စံချိန်စံညွှန်းအတိုင်းပဲလုပ်ရအောင်။သူအီဂေလ်ယုန်းအားသူ့အနောက်တွင်ဖွက်ထားလိုက်ပြီးပါးစပ်အားဟလိုက်သည်။

“ဘာလို့ငါတို့ကဒင်္ဂါးတွေပေးရမှာလဲ?ချွန်းမူရိုဘူတာရုံက အများပြည်သူပိုင်မြေပဲ”

“ဟားဟား အဲ့တာလွန်ခဲ့တဲ့၈ရက်လောက်ကပဲ။အခုမဟုတ်တော့ဘူး”

သာမန်လူတွေအတွက် ဒင်္ဂါး၅၀၀ဆိုတာနည်းတဲ့ပမာဏပဲ။ဒါပေမဲ့ သူ့မြေကိုတတ်နင်းရုံကို၅၀၀တောင်းတယ်...တကယ့်လူလိမ်ပဲ။

“ကောင်းပြီ ငါပေးမယ် ဒါပေမဲ့ မင်းကိုပဲတိုက်ရိုက်ပေးမှာ”

“ဘာ?”

“မင်းက ဂွန်ဖီလ်ဒုမဟုတ်ဘူး”

ဂွန်ဖီလ်ဒုကဗီလိန်ဖြစ်နိုင်ပေမဲ့ အခုလောလောဆယ်သူ့အရှေ့ရှိလူမှာ မြေပိုင်ရှင်အဖွဲ့ရဲ့လူပို‘၁’သာဖြစ်သည်။

ဘယ်မှာလဲဂွန်ဖီလ်ဒု? သူမြန်မြန်ဆန်ဆန်လှည့်ပတ်ကြည့်မိသည်။သူမဟုတ်ဘူး သူလည်းမဟုတ်ဘူး...ဂွန်ဖီလ်ဒုကဘယ်နားမှာများလဲတွေးနေမိ၏။

“ဟားဟားမင်းကတကယ်ရယ်ရတဲ့ကောင်ပဲ။ဟေးမင်း အခုလာနောက်နေတာ...”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now