အပိုင်း ၁၄၀ : ဖတ်မရနိုင်သော (၄)

39 11 0
                                    


𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

[သင့်ခန္ဓာသည် အင်အားပြင်းရှောခ့်ကြောင့် နိုးထလာသည်။]

[အသင်္ချေစာဖတ်သူ၏ရှုထောင့် အဆင့်၃ ပိတ်သွားပါပြီ]

သူ့အာရုံခံများဟာ အသိစိတ်များအသွင်ဖြင့် သူ့အသွေးအသားများထဲ ပြန်လည်ဝင်ရောက်လာသည်။စကားမစပ် တစ်ခုခုတော့ထူးဆန်းနေတယ်။

...ငါဘာလို့များ ရှင်သန်ထမြောက်တဲ့စာသားမတွေ့ရတာပါလိမ့်?

[သင်သည် အသင်္ချေစာဖတ်သူ၏ရှုထောင့် အဆင့်၃ အတွက်ဆုလာဘ်အား မရရှိနိုင်ပါ။အကြောင်းကား ပထမလူဇာတ်ရံရှုထောင့်နှင့် ဆက်သွယ်ရာတွင် မတည်ငြိမ်ခြင်းကြောင့်ဖြစ်သည်။]

သူဟာထိုမထင်ထားသည့် မက်ဆေခ်ျ့ကြောင့် အံ့ဩနေခဲ့သလို သူ့အသွေးအသားထဲမှ နာကျင်မှုနှင့် လေးလံများအား ခပ်ဖြည်းဖြည်းပြန်လည်ခံစားလို့ရလာသည်။တကယ်တစ်ခုခုတော့မှားနေပြီ။

ယူဂျွန်ဟော့က သူ့အားစိုက်ကြည့်နေသည်ကို သူမြင်မိ၏။သောက်ချီး လန့်သေကုန်တော့မှာပဲကွာ။

“ဂင်မ်ဒို့ဂျာ၊မင်းသေပြီလား?”

ငါ့အထင် ဘာတွေဖြစ်နေလဲဆိုတာ နည်းနည်းတော့ပေါက်လာပြီထင်တယ်။ဘာလို့များ ရှင်သန်ထမြောက်တဲ့စာသားပေါ်မလာရတာလဲရယ် အသင်္ချေစာဖတ်သူ၏ရှုထောင့် အဆင့်၃အတွက် ဆု မရရတာလဲ ဆိုတဲ့အကြောင်းရယ်ကို သိပြီထင်တယ်။ဘာလို့ဆို အစကတည်းက ငါမှမသေခဲ့တာ။

“ဂင်မ်ဒို့ဂျာ”

ငါကအတော်လေးခပ်ပြင်းပြင်းအထိုးခံလိုက်ရရုံပဲ။သောက်မျိုးမစစ်ကောင် ငါ့ကို ဘာလို့များမသတ်လိုက်ရတာလဲ?ဒီကောင်ကတော့ သူ့ကိုသတ်စေချင်တဲ့အချိန်ဆို မသတ်ဘူး...

「...အစကတည်းကသူ့ကိုသတ်လိုက်သင့်တာ?」

သူထင်မထားသည့်အတွေးမျိုးကြားလိုက်ရသည်နှင့် ပါးစပ်ပိတ်သွားရတော့သည်။ အသေင်္ချစာဖတ်သူ၏ရှုထောင့် အလိုအလျောက်ဖွင့်ထားပြီးသားဖြစ်နေသည်။ယူဂျွန်ဟော့၏အတွေးများဟာ ရေတံခွန်တစင်းသဖွယ် စီးဆင်းနေ၏။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now