အပိုင်း ၆၉ : ပလ္လင်တို့ရဲ့သခင် (၆)

235 39 2
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လိုက်ကတော့ဇာတ်လိုက်ပါပဲ။သူယူဂျွန်ဟော့အား ဂန်ဘု့ဘူတာရုံထိပို့လိုက်တာတောင်မှ အလံနက်ရသွားသေး၏။

အကယ်၍ခေါင်းဆောင်မဟုတ်သည့်လူတစ်ယောက်က ခေါင်းဆောင်တစ်ယောက်၏အလံကိုလုယူခဲ့မည်ဆို လျို့ဝှက်ဇာတ်ကွက်ဖြစ်သော‘တော်လှန်ရေးလမ်းစဉ်’ပွင့်လာမည်ဖြစ်သည်။ယူဂျွန်ဟော့က ထိုအရာအားသိရှိသွားပြီး သူ့အားဘုရင်‌တစ်ပါးဖြစ်လာစေနိုင်မည့် ခေါင်းဆောင်တစ်ယောက်အားလာရာလမ်းတွင်သစ်ပစ်ခဲ့လေသည်။

ယူ‌ဂျွန်ဟော့ရဲ့လက်ရှိပုံသဏ္ဍာန်အရဆို အီဂျီဟေးနှင့်ဂျောင်ဟီးဝန်တို့သူတို့တာဝန်သူတို့ကျေပွန်ခဲ့ပုံရ၏။

သူခြေလှမ်းအနည်းငယ်မှဆုတ်ကာဟန်ဆူယောန်းအားကြည့်လိုက်သည်။

“ဟေး အဲ့ဓားငါ့ကိုမြန်မြန်ပေး”

“မ-မပေးပါဘူး”

“မင်းဒီနေရာမှာသေချင်လို့လား?”

ယူဂျွန်ဟော့လှုပ်ရှားလာသည်နှင့်အတူ ဟန်ဆူယောန်းမျက်လုံးများတုန်ယင်လာသည်။သူအော်ပြောလိုက်သည်,“ဂီယောန်း!”

အီဂီယောန်းမှာထိုအချိန်အားစောင့်နေသကဲ့သို့မျက်ဆံများအဖြူရောင်အဖြစ်သို့ပြောင်းလဲ‌သွားတော့သည်။အဲ့နောက်သူဆုတ်ဖြဲသံများနှင့်အတူ ဒန်ဂျင်ပေါ်မှတစ်စုံတစ်ရာ၏တဒုန်းဒုန်းထုသံများကြားလိုက်ရသည်။

ခဏကြာပြီးနောက် ရှိခိုးကောင်၏လက်တံမှာနံရံတစ်ခုသို့လာရောက်ရိုက်ခတ်သည်။

[အဆင့်၆အင်းဆက်ဘုရင်၊Titanopetraထွက်ပေါ်လာသည်။]

အီဂီယောန်းစွမ်းရည်ကအကောင်းဆုံးပင်။ဧရာမအင်းဆက်ဘုရင်၏အလွန်ကြီးမားသောစွမ်းအား‌ကြောင့်လှိုဏ်ဂူတစ်ခုလုံးလှုပ်ခါသွားသည်။ယူဂျွန်ဟော့နောက်လှည့်ကြည့်လိုက်သည့်ချိန်မှာ သူဟန်ဆူယောန်းအားရိုက်ချလိုက်၏။

“အ-အခ်...!”

ဟန်ဆူယောန်းတစ်ယောင်ညည်းညူရင်းပင် ယင်နတ်ဆိုးလေးကောင်ခေါင်းဖြတ်ဓါးအားလွတ်ချလိုက်သည်။သူထိုဓါးအားကောက်ယူလိုက်ပြီး ဘောနပ်စ်အနေဖြင့်ဟန်ဆူယောန်းလည်ပင်းနားတွင်ချိတ်ထားသောအလံကိုပါယူပစ်လိုက်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now