အပိုင်း ၁၁၉ : စွန့်ပစ်ကမ္ဘာငယ် (၄)

172 33 3
                                    

Unicode

Scroll down for Zawgyi

လေလွင့်သူများဘုရင်က သူ့စကားကြောင့် အနည်းငယ်မျှပြုံးရင်းပင် "မတွေ့တာကြာပြီး ငါတို့ရှေ့တစ်ခေါက်ကတွေ့ခဲ့တယ်လေ"

"အဲ့အချိန်တုန်းက ဒီတိုင်းဖြတ်သွားရုံပဲ"

အဲ့တာထက် သူသည်လေလွင့်သူများဘုရင်ကို နှစ်ကြိမ်မျှတွေ့ခဲ့သည်။ပထမအကြိမ်မှာ ဟန် ဆူယုန်းနှင့်သူ ဆုန်းမင်ဝူးကိုနှိမ်နင်းခဲ့တုန်း ကဖြစ်ပြီး ဒုတိယကမူ ရေလွှမ်းမိုး ကပ်ဘေး အသတ်ခံရချိန်ကဖြစ်သည်။

အခုအကြိမ်ဟာ တတိယအကြိမ်ပင်

လေလွင့်သူများဘုရင်က သူမမျက်နှာဖုံးအား ဖြေးညှင်းစွာချွတ်လာသည်။ထင်သည့်အတိုင်း သူမမျက်နှာပင်။

သူမေး၏။"ဘယ်တုန်းကထွက်လာတာလဲ?"

"သိပ်မကြာသေးဘူး"

သူတို့တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းတခဏလောက်ကြည့်နေကြ သည်။သူ့အမေနှင့်သူသည် ရုပ်မဆင်ကြ။သူ ဘယ်လောက်ပဲသေချာကြည့်ပါစေ ၎င်းဟာ အသက်၃၀ကျော်အရွယ်မျိုးရှိသည့်မျက်နှာ ပင်။သူကလေးဘဝတုန်းကဆို သူမက သူရဲ့ ဝမ်းကွဲအစ်မနှင့်ပိုတူသည်ဟု ရံဖန်ရံခါပြော ကြ၏။ဒါပေါ့ အဲ့အချိန်တုန်းကတော့ သူ့အဖေ ရှိနေဆဲဖြစ်၏။

"အမေကဆိုလ်းမှာနေတာလား?"

သူမကပြန်ဖြေသည်။"ငါ့အသိတစ်ယောက်ကို လာတွေ့တာ"

"ဒါဆို ဆိုလ်းအမိုးခုံးထဲမှာမတော်တဆပိတ်မိ သွားတာပေါ့?"

"အင်း"

"အမေကလွတ်လာပြီပဲ။ဘာလို့များထောင် ဝတ်စုံကိုဆက်ဝတ်နေရတာလဲ?"

"မှန်းစမ်း။မဟုတ်မှ စိတ်ထဲအပြစ်ရှိနေသေးတဲ့ အတွက်ကြောင့်များလား?"

"အပြစ်ရှိတဲ့စိတ်?အမေကလေ?"

"လူသားတိုင်း လူသားတိုင်းကထောင်သားတွေ ပဲ။သူတို့တွေမှာသူတို့ကိုယ်ပိုင်ထောင်ဆိုတာရှိ တယ်"

သူ အမေ့အားစိုက်ကြည့်နေမိသည်။အဲ့အရှက် မရှိတဲ့လေသံ..သူမတကယ်ကြီးကိုမပြောင်းလဲ သေး။သူမကပြော၏။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now