အပိုင်း ၇၇ : ပဉ္စမမြောက်ဇာတ်ကွက် (၂)

207 38 3
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သေသေချာချာကြည့်ကြည့်တော့ အမျိုးသမီးမှာအတော်လေးအသက်ကြီးပုံရ၏။

မျက်နှာပေါ်မှပါးရေများအရ သူမသည် အသက်၄၀လောက်မရောက်သေးသော်ငြား အနည်းဆုံးတော့အသက်၃၀ကျော်၄၀နားတော့ရှိလောက်၏။

သူကငါ့ကိုသိတယ်လား။ဘယ်လိုလုပ်?

သူအနည်းငယ်မျှ‌ကြောင်အမ်းသွားသော်လည်း ထိုအမျိုးသမီးအားကြည့်ရင်းသူ့အမူအရာသူပြန်ထိန်းလိုက်သည်။

“ခင်ဗျားမှားနေပြီ။ငါနာမည်က ယူဂျွန်ဟော့။ဂင်မ်ဒို့ဂျာဆိုတာငါအမုန်းဆုံးလူရဲ့နာမည်ပဲ”

“...ယူဂျွန်ဟော့?”

“ဟုတ်တယ်။အဲ့‌တာကြောင့်ခင်ဗျားခေါင်း‌ဆောင်ကို‌ပေါက်ကရမ‌ပြောဖို့သွား‌ပြောလိုက်။ငါ‌ဘာပြောလဲဆိုတာခင်ဗျားနားမလည်ရင်တောင်မှ အဲ့အတိုင်းသာပြောပြလိုက်။”

သူ့‌နံဘေးအားကြည့်လိုက်တော့ ဟန်ဆူယုန်းတစ်ယောက်‘နင်ဘာ‌ပေါက်ကရ‌တွေပြော‌နေတာလဲ’ဆိုသည့်အမူအရာမျိုးဖြင့်သူ့အားကြည့်နေလေရဲ့။သူ သူမအားမျက်လုံးမှိတ်ပြလိုက်သည်။ဟန်ဆူယုန်းသာဆို အခုကစသူမဘာလုပ်ရမလဲဆိုတာရိပ်မိလောက်သည်။အမျိုးသမီးကထပ်မံကာပါးစပ်ဟလာသည်။

“မင်းကဂင်မ်ဒို့ဂျာဆိုတာငါသိပြီးသား?ထပ်လိမ်မနေနဲ့တော့”

[ဇာတ်ကောင်‘ဟန်ဆူ‌ယုန်း’သည် ထိုစကားများအမှန်ဖြစ်ကြောင်းအတည်ပြုသည်။]

ဟန်ဆူယုန်းကသူ့အားခေါင်းညိတ်ပြလာသည်။ဒီအမျိုးသမီးသူ့ဆီရောက်လာတာ သူဘယ်သူလဲဆိုတာသေချာကိုသိနေလို့။

“ငါတို့ဘုရင်က မင်းဆီဒီဥက္ကာခဲအပ်ထားလိုက်မယ်လို့ပြောတယ်”

မထင်ထားဘူးပဲ။သူမကသူ့ကိုသိနေရုံတင်မက အခုကျဥက္ကာခဲပါပေးလာတယ်...

“ခင်ဗျားကဘယ်သူလဲ?”

“ငါတို့ကလေလွင့်ဘုရင်ရဲ့လူတွေ”

“ဟိုနားမှာရှိနေတဲ့အမျိုးသမီးက ခင်ဗျားဘုရင်လား?”

အမျိုးသမီးကခေါင်းညိတ်ပြ၏။သူခပ်လှမ်းလှမ်းရှိမျက်နှာဖုံးအုပ်ထားသည့်အမျိုးသမီးအားကြည့်လိုက်သည်။သေချာကြည့်လေ ဒီမြင်ကွင်းအားဒီဂျာဗူး(deja vu)တစ်ခုလိုခံစားရ၏။သို့သော်တစ်ခုခုထူး‌ဆန်းနေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now