အပိုင်း ၁၆ : ကြောင်သူတော်စကား (၂)

375 66 2
                                    

Unicode
Scroll Down for Zawgyi

တခါတလေတွေးမိတယ်။

ဘာလို့များ ကမ္ဘာပျက်ကပ်ဇာတ်လမ်းမျိုးတွေမှာ 'ခန့်မှန်းရလွယ်တဲ့အမြောင်ဗီလိန်' တွေပေါ်လာကြလဲဆိုပြီးတော့ပေါ့။ဒါမှမဟုတ်စာရေးသူတွေရဲ့ ပျင်းရိမှုကြောင့် ဒီလိုအခြေအနေမျိုးအတွင်းမှာ ဖြစ်လာနိုင်သည့် မုဒိန်းမှုနှင့်ခိုးဆိုးလုနှိုက်မှု ကဲ့သို့ပြစ်မှုတွေအား လက်လွတ်စပယ်လုပ်လာမည်ဟု တွေးမိကြလို့ဖြစ်ရမည်။အကယ်၍သာ တကယ့်'ကမ္ဘာပျက်ကပ်'သာဖြစ်လာခဲ့လျှင် လူသားတွေမှာ သူတို့တွေးထားတာထက်ပိုပြီး ဆင်ခြင်တုံတရားရှိရှိလုပ်‌ဆောင်ကြလောက်မယ်မဟုတ်လား?

“ကြည့်ရတာမပေးချင်ပုံပဲ။ဟေး အဲ့ကောင်ကိုသွားသတ်ကြစမ်း!”

အဖြေမှာသူ့မျက်စိရှေ့လေးတင်ရှိနေသည်။သူ့ဆီဦးတည်လာသော လူများအပြင် ထိုလူများအနောက်မှရပ်ကြည့်နေသည့် လူကိုပါသေချာလေ့လာသည်။

[ကြယ်တာရာ'နတ်ဆိုးကဲ့သို့မီးတရားရှင်'မှာမျှ‌တသောစီရင်ချက်တစ်ခုကိုမျှော်လင့်သည်။]

သူထိုနိယာမအားတဖန်သဘောပေါက်လာသည်။လူသားများ၏စိတ်ကူးစိတ်သန်းမှာ သမာရိုးကျသည်။အဲ့လိုဆိုရင်တောင် တကယ့်လူသားစစ်စစ်များမှာ ထိုစိတ်ကူးထက်ပင်ပို၍ ပုံ‌သေကားကျသေးသည်။

Hwiiik!

သံပိုက်၏လမ်းကြောင်းမှာထူးထူးခြားခြားပုံစံမျိုးဖြင့်လေထုထဲတွင်ရွေ့လျားလာသည်။သတ်ရန်ရည်ရွယ်ချက်နှင့်တိုက်ခိုက်လာသည်မျိုးတော့မဟုတ်။အမှန်တော့သူလည်းသိပ်မထိခိုက်မိလိုက်။

“မင်းမပြေးရင်တကယ်သေမှာနော်။ထွက်သွားစမ်း!”

လူလေးယောက်သူ့အားဝိုင်းလိုက်သည်။တစ်ယောက်မှာတုန်ယင်နေပြီးကျန်လူများမှာအရင်ကထက်ပိုပြီးတည်ငြိမ်သည်။လူအရေအတွက်ကွာတာကြောင့်လည်းဖြစ်နိုင်သည်။

“အဲ့ကောင်တွေဘာလုပ်နေတာလဲ?”

Waaaah!ဆိုသည့်အော်သံနှင့်အတူ လူတစ်ယောက်ရှေ့တိုးလာသည်။ကိုယ်နေဟန်ထားမှာ အကာအကွယ်မဲ့‌နေမှန်းထင်ရှားသည်။သူဆူးချွန်အားလှုပ်ရှားလိုက်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now