အပိုင်း ၅ : အခကြေး‌ငွေစနစ်စတင်ခြင်း (၅)

489 89 6
                                    

အင်းဆက်တွေဟာ ရထားတွဲထဲ လွတ်ထွက်သွားသည်ကိုမြင်သည်နှင့် လူအုပ်ကြီးမှာထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသည်။

"...ဟေ့! မ-မင်းဘာလို့အဲ့လိုလုပ်-"

လူတစ်ချို့ကကြောင်အမ်းနေချိန် အထာနပ်တဲ့လူကတော့သူ့အားတွန်းထုတ်လိုက်သည်။

"ခွေးမသား"

"...မင်းတို့မြန်မြန်ရှာရင်ကောင်းမယ်နော်၊အချိန်ကသုံးမိနစ်ပဲကျန်တယ်"

သူ့အသံကြားသည်နှင့် လူအုပ်ကြီးမှာ စိတ်လွတ်နေတဲ့သားရဲကောင်တွေလို ရထားတွဲရှိ နေရာအနှံ့အား သည်းကြီးမဲကြီးရှာတော့၏။

"ငါတွေ့ပြီ!အား!"

အင်းဆက်အား ရှာတွေ့သူမှာ ပျော်ပင်မပျော်လိုက်ရ နောက်တစ်ယောက်ကသူ့အားတိုက်ခိုက်လာသည်။ဤသို့နှင့်ရထားတွဲကြီးတစ်ခုလုံးမှာ ပရမ်းပတာအခြေအနေသို့ ရောက်ကုန်ကြ၏။

"ဟေ့ခင်ဗျား ဒီတိုင်းပေးလိုက်လို့ရရဲ့သားနဲ့ ဘာလို့အဲ့လိုလုပ်တာလဲ?"

သူနောက်လှည့်ကြည့်တော့ ဂင်နမ်ဝူး မှာသူ့လည်ပင်းအားအကြောဆန့်ကာ ထလာပြီဖြစ်သည်။
သူဂရုတစိုက်ပြန်ဖြေသည်။

"လူက၁၂ယောက်ရှိတာ"

"...ဟမ်?"

"အဲ့ဘူးထဲမှာ အင်းဆက်၃ကောင်ပဲကျန်တော့တာ"

ဂင်နမ်ဝူး မှာတ‌ခ‌ဏလောက်မျက်မှောင်ကြုံ့လိုက်‌ပြီးနောက် ကျယ်ကျယ်လောင်လောင်ရီသည်။

"၁၂ယောက်ကို၃ကောင်?ဟားဟားဟားဟား! ဟုတ်တာပေါ့ နဂိုထဲကအကုန်လုံးအသက်ရှင်နိုင်မှာမှမဟုတ်တာ?အဲ့တော့ခင်ဗျားကအဲ့ဘူးကိုပစ်လိုက်တယ်ပေါ့?"

"အင်း"

"ဟာသတွေလာမပြောစမ်းနဲ့"

"...!?"

"ခင်ဗျားသာပုံမှန်အသိစိတ်ရှိနေတဲ့လူတစ်ယောက်ဆို အဲ့လိုလုပ်မှာမဟုတ်ဘူး" ဂင်နမ်ဝူး အပြုံးတွေကပို၍ပင် ပီပြင်လာသည်။
"အမှန်တိုင်းပြောစမ်းပါ ခင်ဗျာ ဒီလိုအခြေအနေမျိုးကိုမြင်ချင်တာမလား?"

သူ'ရှင်သန်ရာနည်းလမ်းများ'ထဲကဂင်နမ်ဝူး အကြောင်းအားပြန်တွေးမိသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now