ထိုလူ၏မျက်လုံးမှာ သူ့နာမည်အားကြားသည့်အချိန်ပြူးကျယ်သွားသည်။သူအမြင်မှားသည်မဟုတ်။
“မဟုတ်မှ...?”
ထိုလူကသူ့မျက်နှာကိုသေချာကြည့်နေသည်။ဒါနဲ့ ရှင်သန်ရာနည်းလမ်းများထဲမှာယူဂျွန်ဟော့ကိုဘယ်လိုများပုံဖော်ထားပါလိမ့်? သေသေချာချာအသေးစိတ်ဖော်ပြချက်တို့မပါသော်ငြား ‘ခန့်ညားချောမောသည်’သည်ဆိုသောစကားရပ်တော့ပါရှိသည်။နောက်ပြီး ငါ့မျက်နှာက...
ငါ့ရုပ်ရည်လောက်နဲ့ဆိုလက်ခံလို့ရနိုင်တယ်မလား?
“ဘာလဲ?”
“အာ ဘာမှမဟုတ်ပါဘူး”
ထိုလူ့အသံမှာပို၍ယဉ်ကျေးသွားသည်။သူ့အနေနှင့်ဒီနေရာတွင်ဘာများဖြစ်ပျက်မလဲ မသိနိုင်သော်ငြားအခုလောက်ဆိုထိုလူ့စိတ်ထဲမှာတော့ကမ္ဘာပျက်နေလောက်ချေပြီ။
တစ်ခုကတော့သေချာသည်။သူ့အရှေ့တွင်ရှိနေတဲ့လူကရှင်သန်ခြင်းနည်းလမ်းများကိုသေချာပေါက်ကိုဖတ်ဖူး၏။
သူပိုသေချာသွားသည့်အချက်မှာ ထိုလူသည်ဇာတ်ကောင်ဇယားတွင်စာရင်မသွင်းရသေးသည့်အပြင် ယူဂျွန်ဟော့နာမည်ကြားသည့်အချိန်တွင်အံ့ဩသွားခြင်းတို့ကြောင့်ဖြစ်သည်။
ထိုလူ့မျက်လုံးတွေကသူ့နံဘေးရှိအီဟွန်းဆန်းဆီသို့အလောသုံးဆယ်ရွေ့သွားသည်။
၎င်းမှာစစ်ဆေးခြင်းပင်ကိုယ်အရည်အချင်းပင်...ဪ။သူကအချက်အလက်တွေနှိုက်ထုတ်ချင်တယ်ပေါ့?သူ အီဟွန်းဆန်းအားစစ်ဆေးကြည့်ရန်အချိန်တချို့တမင်တကာပေးထားပြီးမှ စကားဆိုလိုက်၏။
“ရိုင်းလိုက်တဲ့ကောင်။မင်းမျက်လုံးတွေမသရမ်းတာပိုကောင်းမယ်”
“...ဟွတ်?”
ထိုလူမှာအီဟွန်းဆန်းနာမည်ကိုအတည်ပြုပြီးနောက် သူ့ဇာတ်ကောင်ဝင်းဒိုးကိုလည်း ရှာဖွေရေးစကေးလ်ဖြင့်ကြည့်ရှုနိုင်ကြောင်းသိသွားပုံရလေသည်။သူအနေနှင့်ထိုလူရှင်သန်ခြင်းနည်းလမ်းများကိုမည်မျှထိရောက်အောင်ဖတ်ထားသလဲဆိုတာမသိနိုင်ပေမဲ့ ယူဂျွန်ဟော့ ဟုတ်မဟုတ်အတည်ပြုရန်သုံးနိုင်သည့် နည်းလမ်းတစ်ချို့ရှိနေ၏။
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)