𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪သူတို့ဒန်ဂျင်ထဲသို့ဝင်မည် သို့သော်ယင်နတ်ဆိုးလေးကောင်ခေါင်းဖြတ်ဓါးကိုရယူရန်မဟုတ်။
ယူဆန်းအာနှင့်အီဂီယောန်းတို့သူဆိုလိုချင်သည့်အဓိပ္ပာယ်ကိုချက်ခြင်းသဘောပေါက်သွားကြကာ။
“ရှင်ကသူတို့အလံတွေကိုယူမယ်ပေါ့”
“ဒါဆိုအစ်ကိုကသူတို့ကိုသတ်မယ်ပေါ့”
သူတို့နှစ်ယောက်မှာမတူညီတဲ့အတွေးအခေါ်တွေရှိနေတာပဲ။
ယူဆန်းအာကအီဂီယောန်းအားအံ့ဩတကြီးငုံ့ကြည့်သည်။စိတ်ဝင်စားစရာမှာ အီဂီယောန်းကလည်းယူဆန်းအာအား စိတ်ပျက်လက်ပျက်ပြန်မော့ကြည့်နေတာပင်။
“ဟျွန်း အဆုံးသတ်ပေးရမဲ့ကိစ္စကိုကျွန်တော့်ဆီလွဲထားလိုက်။”
ဒီကောင်လေး...ငါလူတစ်ယောက်ကိုတိုက်ရိုက်မသတ်နိုင်တဲ့အကြောင်း သတိထားမိသွားပြီပဲ။
[မူပိုင်စကေးလ် ‘ဇာတ်ကောင်ဇယား’ကိုအသက်သွင်းသည်။]
[အဆိုပါပုဂ္ဂိုလ်ကို ‘ဇာတ်ကောင်ဇယား’တွင်စာရင်းမသွင်းရသေးပါ။]
[လက်ရှိတွင်သက်ဆိုင်ရာပုဂ္ဂိုလ်နှင့်ပတ်သတ်သည့်အချက်အလက်များကိုစုဆောင်းနေပါသည်။]
အီဂီယောန်း၏အချက်အလက်များမှာခုထိကြည့်မရသေးပေ။
သူ့ခေါင်းအားနောက်လှည့်လိုက်သည့်နှင့်စိုးရိမ်တကြီးကြည့်နေသောယူဆန်းအာမျက်ဝန်းများနှင့်သွားဆုံ၏။သူမသည် သူနှင့်အီဂီယောန်းကိုကြည့်နေပြီးမှခေါင်းကိုငုံ့ချလိုက်သည်။သူအီဂီယောန်းကိုပြောလိုက်သည်။
“မင်းသဘောတိုင်းသာလုပ်”
သူယူဆန်းအာစိုးရိမ်နေသည့်ကိစ္စရပ်ကိုနားလည်သည်။အီဂီယောန်းသည် အလယ်တန်းကျောင်းသားအရွယ်တောင်မရောက်သေးပေ။သို့သော် သူမသည်ဒီအရာကိုနားလည်ထားသင့်သည်။အရင်ကမ္ဘာတွင်သူတို့ကျင့်သုံးခဲ့သောလူ့ကျင့်ဝတ်ဆိုသည့်အရာသည် အခုအခါသုံးစားမရတော့ပြီဖြစ်၏။
“ဒါကဂိမ်းမဟုတ်ဘူး။ဂရုစိုက်”
“ဟုတ်ကဲ့။စိတ်မပူပါနဲ့”
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)