Unicode
Scroll Down for Zawgyi
[စာမှတ်ကဒ်စကေလးလယ်ဗယ်နိမ့်နေ သည့်အတွက် အသုံးပြုချိန်အားလျှော့ချလိုက် သည်။]
[အသုံးပြုချိန် : ၃၀မိနစ်]
[ဇာတ်ကောင်အပေါ်သင့်နားလည်မှုအလွန်မြင့် မားနေသည်။သူမစကေလ်းအချို့အား သင် အသုံးပြုရန် ရွေးချယ်နိုင်သည်။]
ရှင်ယူဆွန်းသူ့ဆီပြေးဝင်လာသည်နှင့်အတူ သူ လည်းပဲသူမထံပြေးဝင်၏။မည်သူတစ်ဦးမှ သတ်ဖြတ်ချင်စိတ်မရှိကြသလို စိတ်ရင်းအမှန် လည်းမဟုတ်။ယခုတိုက်ပွဲဟာ ကြယ်တာရာ များအပျင်းပြေစေရန်ဖျော်ဖြေပေးနေရသော တိုက်ပွဲတစ်ခုမျှသာဖြစ်ပြီး အရာအားလုံး ဇာတ်ကွက်အတွက်သာဖြစ်ကာ အားလုံးဟာ အတုအယောင်ပင်။သို့ပေသိ တိုက်ပွဲရလဒ် ကမူ တစ်ယောက်ယောက်သေရမည်ဖြစ်လေသည်။
[တရားစီရင်ချိန်'Lv.5'ကိုအသက်သွင်းသည်။]
အသက်သွင်းလိုက်သည့်စကေလ်းမှာ Level 5ဖြစ်သည်။ကြည့်ရတာဂျောင်ဟီးဝန်တစ် ယောက်အတော်လေးကြိုးစားခဲ့ပုံပင်။ဂျောင် ဟီးဝန်ဒီနေရာ၌ရှိမနေသော်ငြား မဆိုးဘူးဟု ဆိုနိုင်၏။
[ကြယ်တာရာ'ကောင်းကင်ဘုံ၏ကျမ်းဂန်ပြုစု သူ'သည်အခက်တွေ့နေသည်။]
[အလုံးစုံကောင်းစနစ်၏ကြယ်တာရာ များသည် နက်နက်နဲနဲတွေးတောနေသည်။]
တရားရှင်တစ်ယောက်မဟုတ်သည့် တစ်စုံတစ်ယောက်အနေဖြင့် ခွင့်ပြုချက် မရှိထားသောစကေလ်းအား သုံးလာခဲ့ သည့်အတွက် ဇဝေဇဝါဖြစ်နေကြသည်မှာပုံ မှန်ပင်။သို့တိုင် ထိုသူတို့သူ့အားအသုံးပြုခွင့် ပေးရမည်ဖြစ်သည်။အကြောင်းမှာ သူ့အရှေ့ ရှိလူသည် သေချာပေါက်ကို ဆိုးယုတ်သူဖြစ် လေသည်။
[အလုံးစုံကောင်းစနစ်၏ကြယ်တာရာ များသည် အဆိုပါစကေလုံးအားအသုံးပြု ခွင့်ပေးသည်။]
သူ့ခန္ဓာကိုယ်၏အနက်ရှိုင်းဆုံးတစ်နေရာမှ ပူလောင်လှသောအော်ရာဟာ ပေါက်ထွက် မတတ်။၎င်းဟာ ကမ္ဘာပေါ်ရှိမကောင်းမှုများ အားလုံးကိုအပြစ်ပေးမည့် စုံလုံးကန်းတရား မျှတမှုစိတ်ထားပင်ဖြစ်၏။မဟာနတ်ဆိုး များနှင့် တမန်တော်တို့ ကြားဖြစ်ပွားခဲ့သော သန့်ရှင်းသောစစ်ပွဲသမိုင်းဟာ အပိုင်းပိုင်း အစစဖြင့်သူ့ခေါင်းထဲဝင်ရောက်လာသည်။
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)