အပိုင်း ၁၂၇ : နတ်ဘုရားတစ်ပါးအားရင်ဆိုင်ခဲ့သူများ (၁)

34 12 0
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူတို့အဖွဲ့ဗရိုနီကာကိုရောက်ခဲ့ပြီးနောက် တစ်ရက်အနားယူခဲ့ကြသည်။နောက်တစ်နေ့မနက်မှာတော့ သူအရင်ထကာ အဖွဲ့သားများအားသူ့အစီအစဉ်များကိုအသိပေးပြီးပြီးချင်း ရဲတိုက်အဝင်၌ရပ်နေခဲ့သည်။အီဟွန်းဆုန်းကမေး၏။“ဒို့ဂျာရှီတစ်ယောက်ထဲသွားမှာတော့ မဟုတ်လောက်ပါဘူးနော်?”

“ငါတစ်ယောက်တည်းမဟုတ်ဘူး။ဒီနှစ်ယောက်နဲ့အတူသွားမှာ”သူဟန်ဆူယုန်းနှင့် အဆူကာရမ်ကိုညွှန်ပြလိုက်သည်။

ထို့နောက်အီဂျီဟေးကစူးစူးစမ်းစမ်းဖြင့်“ဦးလေးကြီးသွားတဲ့အချိန်ငါတို့ကဘာလုပ်နေရမလဲ?”

“မင်းနဲ့အီဟွန်းဆုန်းက ဗရိုနီကာခံတပ်ကိုကာကွယ်ရာမှာတာဝန်ယူ။အပ်ဒိတ်ဖြစ်သွားတဲ့ဇာတ်ကွက်ကို မင်းတို့စစ်ကြည့်ပြီးကြပြီလား?”

“...အဲ့တာ ဇာတ်ကွက်ကာလမပြီးဆုံးခင်အချိန်အထိ ဗရိုနီကာရဲတိုက်ကိုကာကွယ်ဖို့မဟုတ်လား?”

“အင်း အဲ့တာမင်းတာဝန်ပဲ”

“ဒါပေမဲ့...”

“လုပ်လိုက်”

“...နားလည်ပါပြီ”

သူအီဟွန်းဆုန်းကိုကြည့်လိုက်သည်။“ဂွန်ဖီလ်ဒုရှိနေပေမဲ့လို့ လက်နက်ကိုင်ခံတပ်တစ်ခုတည်းနဲ့ ကပ်ဘေးတွေကိုတားဆီးဖို့ကခက်လိမ့်မယ်။ဒီကိစ္စကိုမင်းဆီလွှဲထားရလို့စိတ်မကောင်းပေမဲ့...”

“စိတ်မပူပါနဲ့။စခန်းကိုကာကွယ်တာက ကျွန်တော့အထူးအရည်အချင်းပဲဟာ”

သူအီဟွန်းဆုန်းရဲ့ဆုံးဖြတ်ခိုင်မာသောစကားလုံးများကြောင့် သူစိတ်သက်သာရာရမိပေမဲ့ ၎င်းဟာသိပ်လွယ်မှာတော့မဟုတ်။ထိုတာဝန်ဟာကြည့်တော့သာလွယ်ကူပုံရသော်ငြား ဒီဇာတ်ကွက်ထဲရှင်ကျန်ခြင်းဟာ သူနှင့်အတူသွားခြင်းထက်ပိုခက်၏။

“မင်းအနေနဲ့ ပထမအဖွဲ့ရဲ့‌‘မြွေ’ကိုတွေ့ပြီဆို သူနဲ့ထိပ်တိုက်မရင်ဆိုင်နဲ့။ထွက်ပြေးဖို့လိုပြီဆိုတာနဲ့ ဗရိုနီကာကိုထားခဲ့ပြီးသာပြေး။အဲ့တစ်ခုကိုကတိပေးနိုင်မလား?”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now