အပိုင်း ၁၀၉ : ကတိသုံးခု (၂)

158 36 3
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ထိုအမှုဆောင်ဒိုကဲဘီနှစ်ယောက်ဟာ တစ်‌ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်နေကြသည်။ဘယ်လောက်ထိကြာနေဦးမှာလဲဟ?ထို့နောက်တွင်မူ ထိုဒိုကဲဘီနှစ်ယောက်ဆီမှ တစ်ပြိုင်တည်းရယ်သံထွက်လာ၏။

[ဟ၊ဟားဟားဟား!]

[စိတ်ဝင်စားစရာပဲ။မဟုတ်မှလွဲ...]

ထက်မြတ်လှသောအမှုဆောင်များ တစ်ခုခုအားသတိပြုမိလိုက်ပုံရ၏။ပေါလ်ကမူ ထိုမြင်ကွင်းအားနားမလည်နိုင်သလိုကြည့်နေလေသည်။

[ဒိုကဲဘီပေါလ်နဲ့ တစ်ကိုယ်တော်တွေ့ဆုံဖို့ခွင့်ပြုလိုက်မယ်။]

[တစ်ကိုယ်တော်တွေ့ဆုံချိန်က ၂၀မိနစ်]

ဗျူရိုမှအမှုဆောင်များဟာ သူ့တောင်းဆိုချက်အားစိတ်ဝင်စားစရာကောင်းသကဲ့သို့သဘောတူလိုက်လေသည်။ထိုသူတို့ အဲ့လိုလုပ်မယ်မှန်းသူသိပြီးသားပင်။

ထိုအမှုဆောင်များသည်ပုံမှန်ဆို စထရင်းမာများအားမနှစ်သက်ကြ။ထိုသူတို့သည် ‘စထရင်းမာ’များထက်စာရင်‘စာရင်းပေးသွင်းသူများ’နှင့်ပိုနီးစပ်ကြသည်။ထိုသူတို့ခွင့်ပြုလိုက်သည့်အချိန်မှာပင် ကြည်လင်နေသောအမိုးခုံးတစ်ခုက သူနှင့်ပေါလ်ပတ်ပတ်လည်၌ထွက်ပေါ်လာခဲ့သည်။မူရင်းအရဆို‘တစ်ကိုယ်တော်တွေ့ဆုံပိုင်ခွင့်’ဟူသည်ကား ကြယ်တာရာများနှင့်ဒိုကဲဘီများလျို့ဝှက်တွေ့ဆုံကြရသော နေရာလပ်တစ်ခုဖြစ်လေသည်။

[အလတ်တန်းစားဒိုကဲဘီပေါလ်နှင့် တစ်ကိုယ်တော်တွေ့ဆုံခြင်းစတင်ပါပြီ]

သို့သော်လည်း ၎င်း၏အသုံးပြုပုံသည် အသုံးပြုသူအပေါ်မူတည်၍ပြောင်းလဲနိုင်သည်။အမိုးခုံးအပြင်ဘက်၌ ဘီဟွန်းတစ်ယောက်အမှုဆောင်များနှင့်စကားပြောဆိုနေသည်ကို သူမြင်နေရသည်။

ပေါလ်သည် သူနှင့်ပိတ်မိနေပြီးနောက် ထိုဒိုကဲဘီရန်လိုမှုများထွက်ပေါ်လာတော့သည်။“ငါ့ကိုဘာလို့တွေ့ချင်တာလဲ?ကြည့်ရတာအပေါ်ကကောင်တွေအတွက်ဆေးတစ်မျိုးမျိုးပေးစေချင်နေတာလား?”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now