ရေများအဆုတ်ထဲ၀င်လာသည့် ခံစားချက်နှင့်အတူ သူ့တစ်ကိုယ်လုံးဟာလေးလံနေပြီး ထို့နောက်တွင်မူ သူတစ်နေရာအား စုပ်ယူခံလိုက်ရသည်။ကံကောင်း၍သာ တစစီမဖြစ်သည်မို့ အခုချိန်တွင် သတိလွတ်လို့မဖြစ်။
သူနိုးနိုးကြားကြာနေပြီး အချိန်ခဏလောက်စောင့်ဆိုင်းရမည်။
တနည်းနည်းဖြင့်သူ့ခန္ဓာကိုယ်အားကွေးကာ အသက်အောင့်ထားသည်။၁၀စက္ကန့်၊၂၀စက္ကန့်၊၃၀စက္ကန့်...သူ့လက်တွေဟာထိကိုင်လို့ရနိုင်သည့်နံရံ နှင့်ထိတွေ့မိချိန်တွင် အသက်မျှော့မျှော့သာရှိတော့သည်။
"အွတ် အဟွတ်ဟွတ်"
ရေတွေအားအကြိမ်များစွာအန်ထုတ်ပြီးနောက်အသက်အားဖြေးညှင်းစွာရူလိုက်သည်။သူ့ရဲ့lvl.10 ခံနိုင်ရည် ကြောင့်ကံကောင်းထောက်မစွာဖြင့်ရေတွေရဲ့တိုက်စားမှုအားသိပ်မခံလိုက်ရ။သို့သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများကြောင့်သူ့တစ်ကိုယ်လုံးမှာနာကျင်နေသည်။
ကြောက်စိတ်မ၀င်စေရန် စိတ်ငြိမ်ငြိမ်ထားကာ အသက်အားဖြေးညှင်းစွာရူလိုက်ပြီးနောက် ဖုန်းအားဖွင့်လိုက်သည်။
ရေ၀င်ကာဖုန်အား ပျက်ဆီးသွားမည်ကိုစိုးရိမ်နေပေမဲ့ ကံကောင်းစွာဖြင့်ဖုန်းကအလုပ်လုပ်နေသေးသည်။ပြောရမယ်ဆို ပိုက်ဆံများများသုံးပြီး ရေစိုခံတဲ့
စမတ်ဖုန်းမျိုး၀ယ်လိုက်မိတာ ကောင်းသွားတယ်လို့တောင် ဆိုနိုင်သည်။ဖျက်။
ဖုန်းမီးပွင့်လာပြီးနောက် ပတ်၀န်းကျင်ဟာမြင်ကွင်းထဲ၀င်ရောက်လာသည်။ကြီးမားသောအုတ်ခဲအပိုင်းအစများနှင့်အတူ ပစ္စည်းအပိုင်းအစ ကွန်ကရစ်အပိုင်းအစများမှာ ရေထဲ၌ပေါလောပေါ်နေကာ အခ်ျသိုင်ယိုဆောကြီး၏အစာအိမ်မှာ သူထင်ထားထက်ပင်ပို၍ရွံစရာကောင်းနေသည်။
"သေစမ်း"
တုံ့ဆိုင်းခြင်းမရှိသူ့အားလွတ်ချလိုက်သည့်ယူဂျွန်ဟော့၏အမူအရာနှင့်အတူ တံတား၏မြင်ကွင်းမှာဝေးဝါးနေသည်။သူထင်တာထက်ပင်ပို၍ ခြောက်ခြားစရာကောင်းလွန်းသည်။
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)