အပိုင်း ၈၀ : ပဉ္စမမြောက်ဇာတ်ကွက် (၅)

236 48 6
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪
ဒဏ်ရာရယူဂျွန်ဟော့လဲလျောင်းနေသည့်နေရာမှာခပ်ခွာခွာထွက်လာရင်း ဘီဟွန်းအားပြောလိုက်သည်။

‘အဲ့တာမင်းလုပ်တာလား?’

ယူဂျွန်ဟော့ဒီအနီးအနားရောက်နေရင်တောင်မှ ဒီလိုအချိန်ကိုက်ကြီးတော့ရှာတွေ့နိုင်မည်မဟုတ်။ဒီပုံအရဘီဟွန်းတစ်ယောက် ယူဂျွန်ဟော့အားဒီနေရာကိုခေါ်ဆောင်ရန် အပိုဆောင်းဇာတ်ကွက်တစ်ခုပြုလုပ်ခဲ့သည်မှာသိသာသည်။

[ငါ့ကိုသံသယဝင်နေတာလား?သက်သေရှိလား?]

သက်သေတော့မရှိဘူး စိတ်ထဲမှာတော့ခံစားလို့ရနေတယ်။

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’သည် သင့်ဆုံးဖြတ်ချက်အားစိုးရိမ်နေသည်။]

[ဒင်္ဂါး၅၀၀အားစပွန်ဆာပေးခဲ့သည်။]

ခိုင်မာသည့်ယုံကြည်ချက်တစ်ခုကိုခံစားလိုက်ရသည်။

သူယူဂျွန်ဟော့အားကြက်သေ သေကာငုံ့ကြည့်နေသည်နှင့်အတူ ဟန်ဆူယုန်းကတီးတိုးပြောလာသည်။

“...သူကိုရှာတွေ့ပြီ။ဆိုတော့ကာနင်ဘာလုပ်မလဲ?”

“ဘာရှိသေးလို့လဲ?”

“သူ့ကိုကယ်မယ်မလား?ဒီကောင်၊သူကဇာတ်လိုက်ကောင်လေ”

ဒါပေါ့သူကယ်ကိုကယ်ရမည်။သို့ပေသိ သူသာအဲ့မျိုးမစစ်ကောင်ကိုကယ်မယ်ဆို ကျိန်းသေပေါက်ကိုသူသေနိုင်သည်။ဟန်ဆူယုန်းမှာယူဂျွန်ဟော့တစ်ယောက်ချက်ခြင်းကြီးနိုးလာမှာကိုကြောက်နေရှာ၏။

“နင့်မှာသူ့ကိုချုပ်ထားလို့ရမဲ့တစ်ခုခုများမရှိဘူးလား?”

“ယူဂျွန်ဟော့ကငြိမ်ခံနေမှာမဟုတ်ဘူး”

“သူ့ကိုဖမ်းထားလိုက်...”

“ဒါဆိုအဲ့ကောင်ဆူဆိုက်လိမ့်မယ်”

“ဒါနဲ့ သူသာပြန်သွားရင်...သေစမ်းအဲ့ကောင်regressလုပ်သွားရင်ဘာတွေဖြစ်ကုန်မလဲ?”

ဟန်ဆူယုန်းမှာနောက်မှအသိတရားပြန်ဝင်လာသည်။

ယူဂျွန်ဟော့သာနောက်ပြန်သွားရင်ဒီကမ္ဘာကြီးကဘာဖြစ်သွားမလဲ?

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now