အပိုင်း ၁၈ : ကြောင်သူတော်စကား (၄)

368 71 3
                                    

နောက်တစ်နေ့မနက်တွင် သူ့ထံရှိပစ္စည်းများအကုန်ကုန်လုနီးနီးပင်။ဂျောင်ဟီး၀န်မှာ Convenience storeအိတ်များအား မယုံကြည်နိုင်သလိုစိုက်ကြည့်နေသည်။

“ဘုရားရေ ရောင်းထွက်ကုန်ပြီလား?”

“အင်း”

”ဟ တကယ့်ဟာသပဲ။လူတိုင်းကြည့်ရုံပဲကြည့်နေကြပြီးခုမှ...”

“နောက်ပြီးအပယ်ခံအဖွဲ့တင်မဟုတ်ဘူး”

ညဉ့်လယ်လောက်ကလာသည့်ဧည့်သည်တွေမှာ အပယ်ခံအဖွဲ့မှ လူတွေတင်မဟုတ်။

“ ဂင်မ်ဒို့ဂျာရှီမင်းကအဆိုးဆုံးလမ်းကိုရွေးထားတာပဲ”

ထိုလူအားလုံးထဲမှ ချွန်းအင်ဟိုပင်။

“မင်းနောင်တရလိမ့်မယ်”

သူတွင်ရှိသောအစားအစာအားလုံးထဲမှတစ်၀က်ကိုအဓိကအဖွဲ့မှယူသွားခြင်းဖြစ်သည်။ဒါပေါ့ သူတို့လည်း ငွေပမာဏအတိအကျပေးချေခဲ့ရသည်။

ဂျောင်ဟီး၀န်မှာသူ့စကားကြားပြီးပြီးချင်းဒေါသထွက်နေလေသည်။

“နေပါဦး ဒါဆို အဓိကအဖွဲ့ကအစာတွေကိုထပ်ပြီးလက်ဝါးကြီးအုပ်တော့မယ်ပေါ့?”

“အဲ့လိုသဘောပဲ”

“မဟုတ်သေးဘူး။ဘာပါလိမ့်? ခင်ဗျားက လူတွေကြားထဲ အရောင်းအ၀ယ်မြှင့်တင်ခြင်းအားဖြင့် အဓိကအဖွဲ့ရဲ့အာဏာကို‌လျှော့သွားအောင်လုပ်ဖို့လား?”

သူ မထင်ထားသည့်အမြင်မျိုးမို့ အနည်းငယ်လေးစားသွားရကာ ပြန်ဖြေလိုက်သည်။

”အမှန်ပဲ။တကယ့်ရည်ရွယ်ချက်က လူတွေကိုကိုယ့်သဘောဆန္ဒအလျောက်လှုပ်ရှားစေချင်တယ်”

“အဲ့ဒါဆို ဘာလို့အစာတွေကိုအဓိကအဖွဲ့ဆီရောင်းလိုက်ရတာလဲ?အခြေအနေတွေကမှမပြောင်းလဲတာ!”

“ပြောင်းလဲတာပေါ့။ဒင်္ဂါးတွေရလိုက်တယ်လေ”

“ဟမ်?”

သူ့ထံတွင်ဒင်္ဂါး၁၄၅၀ရှိနေပြီး ထိုပမာဏဟာ တစ်ညတာအတွက်ကြီးမားသော၀င်ငွေမျိုးပင်။

“ ဒို့ဂျာရှီဘာတွေတွေးနေမှန်းကိုမသိတော့ဘူး?
ဆန်းအာရှီငါတို့အဲ့လူကိုယုံလို့ရောရရဲ့လား?”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now