အပိုင်း ၁၂၀ : စွန့်ပစ်ကမ္ဘာငယ် (၅)

250 39 4
                                    

Unicode
Scroll down for Zawgyi

ထိုသလင်းကျောက်ထဲတွင်တိတိကျကျကို အမြောင်းငါးကြောင်းရှိနေ၏။သူနှင့်ယူဂျွန်ဟော့ကမူ ထိုနေရာထဲထည့်ရမည့်အရာကိုသိသည်။

ယူဂျွန်ဟော့သူ့ဘေး၌ရပ်ရင်း သူ့အားပြောလာသည်။

"မင်းလာတာပဲ"

"အင်း စိတ်မကောင်းစွာနဲ့ပဲ"

"မင်းဒီတခေါက်ဘေးထွက်နေလည်းကိစ္စမရှိဘူး။"ထင်မထားသည့်စကားများကြောင့် သူ ယူဂျွန်ဟော့ဘက်သို့လှည့်ကြည့်လိုက်သည်။အဲ့ကောင်ကတော့ သူ့အားမကြည့်ဘဲဆက်ပြောနေဆဲ။"မင်းမှာ မင်းချစ်ရမဲ့အမျိုးသမီးရှိနေပြီ"

"...ဘာ?"

"ခက်လိမ့်မယ်"

သူမဖြေရှင်းနိုင်သည့်အရာတစ်ခုအားနားလည်လိုက်ရသလိုခံစားနေရ၏။

ကြည့်ရတာ ယူဂျွန်ဟော့ကငါ့ကိုစိုးရိမ်လို့ ဒီဇာတ်ကွက်ထဲ ခေါ်မသွားချင်တာများလား?ဟာသပဲ။ယူဂျွန်‌ဟော့ကလေ?

"ဒါကနောက်ဆုံးအကြိမ်ဖြစ်သွားနိုင်တယ်။"

သူခေါင်းခါလိုက်သည်။သူပြန်တွေးကြည့်တော့ ၎င်းဟာမဖြစ်နိုင်တာတော့မဟုတ်။ယူဂျွန်ဟော့သည် ဒုတိယအကြိမ်ပြန်လည်ရှင်သန်ခြင်းတွင် အီဆိုလ်းဟွာကိုဆုံးရှုံးခဲ့ရသည်။ ချစ်ရသူအားဆုံးရှုံးလိုက်ရသည့်နေရာတွင် ယူဂျွန်ဟော့ကသာ ဆရာတစ်ဆူဟုပြောလျှင်လွန်ရာတော့ကျမည်မဟုတ်။

သူ ယူဂျွန်ဟော့အားပြော၏။"အဲ့လိုမဟုတ်ဘူးဟ။ငါ့လိုရုပ်ကိုကြိုက်မဲ့လူရှိနေမယ်လို့မင်းထင်နေလား?"

မရယ်ရွယ်ပေမဲ့လို့ သူ့လေသံဟာ ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်ဝင်နေဟန်ပေါက်နေ၏။

တစ်ခုတော့အရင်ပြောမယ်။ငါ့ရုပ်ရည်ကအတန်သင့်ပဲ။

ယူဂျွန်ဟော့ကသူ့အားတိတ်တဆိတ်စိုက်ကြည့်နေပြီးနောက်မှ ပြောလာသည်။"ဒါပေါ့ မင်း‌သေရင်လည်းငါဂရုစိုက်ဘူး"

(*ယူရူးဝါး ဘဒို?)

ချီး။

"မင်းစကားကပြင်းလွန်းလို့ ငါထိသွားပြီကွ"

"မမေ့နဲ့ ငါမင်းကိုတစ်ချက်ထိုးဖို့ကျန်သေးတယ်ဆိုတာ"

"...အာ ဟုတ်သား။ငါတောင်မေ့နေတာ။သတိပြန်ပေးလို့ကျေးဇူး"

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now