Part 1 - I warn you. I am a decent man.

1.1K 123 6
                                    

မဟူရာအမှောင်ထု ကြီးစိုးကာ လေထန်သည့် ညတွင် လောကဓာတ်တစ်ခွင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်၍နေလေသည်။

ပေကျင်းမြို့ စွန်ရှိ အပန်းဖြေစံအိမ်တစ်ခု၏ တတိယအလွှာသည် အမှောင်ထုထဲတွင် စုံးစုံးနစ်မြုပ်၍ နေပြီး 'အရေးပေါ် ထွက်ပေါက်' ဟူသည့် ဆိုင်းဘုတ်တစ်ခုတည်းကသာ မှိုန်ပျပျ အစိမ်းရောင် အလင်းတန်းအား ထုတ်လွှင့်ပေးလျက်ရှိသည်။

ထိုဝိုးတဝါးအလင်းရောင်အောက်တွင် လူရိပ်တစ်ခုမှာ ကော်ရစ်ဒါအဆုံးရှိ တံခါးတစ်ခုအား မှီ၍ နေကာ ရှည်လျားသော သက်ပြင်းတစ်ချက်အား ရှိုက်ထုတ်လိုက်သည်။

အခန်းထဲတွင်တော့ ကျိုးချင်ပေါ်မှာ တံခါးလက်ကိုင်ဘုအား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ထိုတံခါးရွက် တစ်ဖက်ရှိ လူအား ဆယ်မိနစ်တိုင်တိုင် ဖြောင်းဖျပြောဆိုနေလေသည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်း"

သူသည် တံခါးရွက်အကြား အဟလေးမှ တစ်ဖက်သူအား မြဲမြံစွာ စိုက်ကြည့်ရင်း သတိတကြီးထားကာ မေး၍လာသည်။

"မင်း ဘာလို့ ဒီကို ရောက်လာတာတုန်း?"

"ငါ မင်းကို အပြင်လေးဘာလေး အလည်ခေါ်သွားဖို့ ရောက်လာတာလေ"

အပြင်ဘက်ရှိလူမှာ အပြုံးအား ဖန်တီးလိုက်ပြီး တံခါးရွက်အား မှီလိုက်ကာ မိန်းမငယ်လေးများအား လွယ်လင့်တကူ ဖြားယောင်းနိုင်သည့် လေသံအား သုံးကာ ပြော၍လာသည်။

"အောက်ဘက်မှာ ဒီလောက်တောင် စည်းကားသိုက်မြိုက်နေတာကို မင်းက ဘာလို့ အပေါ်ထပ်မှာ လာပုန်းနေတာတုန်း? မင်းက စင်ဒရဲလားမှ မဟုတ်တာ၊ သန်းခေါင်ယံကျော်ရင် မင်း သရုပ်မှန်ပေါ်သွားမှာကို စိတ်ပူနေစရာ မလိုပါဘူး"

"ငါ ဒီအတိုင်း အဆင်ပြေတယ်လို့ပဲ ထားလိုက်စမ်းပါ"

စင်ဒရဲလားလေးမှာ အရူးအလုပ်မခံဘဲ တံခါးလက်ကိုင်ဘုအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အငြှိုးမပြေသည့် လေသံဖြင့် ပြော၍လာသည်။

"ငါသာ မင်းရဲ့ မဟာ အောင်သွယ်တော် အစီအစဉ်ကို သိခဲ့ရင် ဒီအတိုင်း အိမ်မှာပဲ နေပြီး ဗီဒီယိုဂိမ်းပဲ ထိုင်ကစားနေမှာ"

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now