ကျိုးချန်ရှန် ထွက်သွားပြီးသည့်အခါ ဖေယို့မှာ တစ်ဖက်သို့ ပြန်လှည့်ကာ ကျိုးချင်ပေါ်အား ရှာဖွေရန် ပြင်လိုက်သော်လည်း တစ်ဖက်သူမှာ မူလနေရာ၌ မရှိတော့သည်ကို တွေ့လိုက်ရသည်။
စတိတ်စင်နားရှိ လူအုပ်ကြီးမှာ တစတစ ကျဲပါးသွားပြီး စင်ထက်ရှိ ကော့တေးဖျော်စပ်ရာ နေရာမှာလဲ နောက် တင်ဆက်မှုများအတွက် မိုက်ကရိုဖုန်း စတန်းနှင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
ဖေယို့သည် လှည့်ပတ်ကာ ကြည့်သော်လည်း ကျိုးချင်ပိုင်၏ အရိပ်အယောင်လေးကို ရှာမတွေ့နိုင် ဖြစ်၍နေသည်။
ဖေယို့မှာ စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ကာ ကျိုးချင်ပိုင်တစ်ယောက် ပြန်နှင့်သွားပြီလားဟု ဖုန်းဆက်မေးမည်ဟု တွေးကာ ဖုန်းအား ထုတ်ရန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်မှာ သူ၏ ပခုံးအား လာပုတ်လေသည်။
"တစ်ယောက်ယောက်ကို ရှာနေတာလား?"
ကျိုးချင်ပိုင်မှာ အပြုံးလေးတစ်ခုဖြင့် မေး၍လာသည်။
သူသည် စင်ပေါ်၌ ဝတ်ဆင်ထားသော ဝတ်စုံအား မလဲလှယ်ရသေးလေရာ ထိုငွေမျှင်ရောင် ကုတ်အင်္ကျီမှာ မီးရောင်အောက်တွင် အေးတိအေးစက် တဖျတ်ဖျတ် အလင်းပြန်၍နေလေသည်။ သူသည် ဘယ်ဘက်လက်တွင် ကိုင်ထားသည့် ကိုလာပုလင်းလေးအား ညာဘက်လက်သို့ ကူးပြောင်းလိုက်ကာ လေထဲသို့ ပင့်မြောက်လိုက်ပြန်ရင်း ထို့နောက်တွင်တော့ သူ့ အင်္ကျီအိတ်ကပ်တွင်းသို့ ပြန်ထည့်လိုက်လေသည်။
"ကျိုးချင်ပိုင်"
"ကျိုးချင်ပိုင်က ဘယ်သူများလဲ?"
ကျိုးချင်ပိုင်၏ မျက်ဝန်းများမှာ အံ့အားသင့်သွားဟန်ဖြင့် ပြူးကျယ်သွားကာ သူသည် အလေးအနက်အမူအရာဖြင့် ခေါင်းလေးစောင်းကာ ပြောလာသည်။
"ကိုယ့်နာမည်က ကျိုးချင်စုန့်, မင်းလေး တစ်ယောက်ယောက်နဲ့ လူမှားနေတာ မဟုတ်ဘူးလား?"
ဖေယို့ "...."
တစ်ခဏတာလောက် ဖေယို့၏ အမူအရာမှာ အူတူတူလေး ဖြစ်နေလေရာ ကျိုးချင်ပိုင်မှာ ခပ်လွင်လွင်လေး ရယ်မောလိုက်ကာ တစ်ဖက်သူ၏ ပခုံးအား ထပ်မံ ပုတ်လိုက်သည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
Любовные романыDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...