Part 8 - He fell asleep in his dream and woke up in reality

329 75 0
                                    

ထွက်ပေါ်နေသည့် ညင်ညင်သာသာရှိလှသော တတောက်တောက် စာရိုက်သံများကြားတွင် ကျိုးချင်ပေါ် မှာ အချိန်အတော်ကြာသည်အထိ အိပ်ပျော်သွားခဲ့သည်။

တကယ့်ကမ္ဘာမှ အဆကီးဘုတ်ထံမှ က်မပြတ် ထွက်နေပေါ်သည့် စာရွက်လှန်သံ တဖျတ်ဖျတ်သည် သူ့အား အထက်တန်းကျောင်းသားဘဝ နေ့ရက်များအား အမှတ်ရသွားစေသည်နှင့် တူသည်။

ထိုအချိန်တုန်းက သူသည်လည်း သူသူကိုယ်ကိုယ် တက်နိုင်သည့် သာမန်အထက်တန်းကျောင်းမှ ကျောင်းသားလေးတစ်ဦးဖြစ်ခဲ့ပြီး မုန့်ဖိုး ယွမ် ၁၅၀ရကာ မပြီးဆုံးနိုင်သော စာမေးပွဲများနှင့် အစဉ်မပြတ်လုံးပမ်းနေရ၍ ရူပဗေဒဘာသာရပ်တွင် အမှတ် ၇၅မှ မတက်နိုင်သည့် ဒုက္ခဆင်းရဲအား ပင်ပန်းကြီးစွာ ခံစားခဲ့ရသည်။

ပူပူလောင်လောင် တက်တက်ကြွကြွရှိလှသည့် နွေရာသီ အားလပ်ချိန်များတွင် တညှီးညှီး တောက်ပနေသည့် နေရောင်မှာ ပြတင်းပေါက်မှတဆင့် ဒလဟော ဝင်ရောက်နေတတ်ပြီး ဘတ်စကတ်ဘော ဘောလုံးမှာလဲ သူ့အတန်းဖော်များ ဦးခေါင်းထက်တွင် ဝဲပျံနေကာ အမှိုက်ပုံးတွင်းသို့ သက်ဆင်းကာ ခရီး တစ်စခန်း ရပ်သွားတတ်သည်။

ရေစက်လေးများ ခိုတွဲနေသည့် ခပ်အေးအေး ကိုလာပုလင်းလေးအား စားပွဲပေါ်တွင် တင်ထားတတ်ကာ ဓာတုဗေဒ စာရွက်များအား စိုရွှဲသွားစေသည်။ ကျိုးချင်ပေါ် သည် ထောင့်နားလေးတွင် နေရာယူထားပြီး ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် မတိုင်ခင် ပြတင်းပေါက်မှ အပြင်ဘက်လောကကြီးအား ငေးမောနေကာ အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်နေတတ်သည်။

ထို့နောက်တွင်တော့ သူသည် အိမ်မက်ထဲတွင် အိပ်မောကျသွား၍ တကယ့်လက်တွေ့ ဘဝတွင် ပြန်လည်နိုးထလာခဲ့သည်။

ထိုလွတ်လပ်ပေါ့ပါးကာ ကြောင့်ကြမဲ့သော အိမ်မက်လေးမှာ ကုစားနိုင်စွမ်း ရှိပုံရသည်။ ကျိုးချင်ပေါ် မှာ သူ့ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေသော်လည်း နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရသည်ဟု ခံစားရလေသည်။ သို့ပေမဲ့ သူ၏ ဦးနှောက်မှာတော့ ယခုအချိန်အထိ ပျင်းရိပျင်းတွဲနှင့် ရီဝေဝေ အခြေအနေ၌ပင် ရှိသေးလေသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now