Part 17 - You can't handle him alone

270 60 0
                                    

ဖေယို့စကားဆုံးသွားသည်နှင့် တစ်စုံတစ်ယောက်မှာ အပြင်ဘက်မှနေ၍ အစည်းအဝေး ခန်းမ တံခါးအား လာခေါက်လာသည်။

ကျိုးချင်ပေါ် ရော၊ ဖေယို့ပါ စကားသံအား တိတ်လိုက်ပြီး တံခါးဆီသို့ အတူတူ ကြည့်မိကြသည်။ ကျိုးချန်ရှန်၏ အတွင်းရေးမှူး ဖြစ်သူမှာ တံခါးအား ဖွင့်ကာ ဝင်လာပြီး ဖေယို့ထံ ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။

"မစ္စတာဖေ"

အတွင်းရေးမှူးမှာ စကားစလာသည်။

"အခု အဆင်ပြေလို့ရှိရင် မစ္စတာကျိုးရဲ့ ရုံးခန်းကို တစ်ချက်လောက် သွားပေးလို့ရမလား?"

"ရပါတယ်"

ဖေယို့မှာ ခေါင်းတစ်ချက်ညိတ်ကာ ပြန်ဖြေလာသည်။

"ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"

"ဘာဖြစ်တာလဲ?"

ကျိုးချင်ပေါ် သည် ခန္ဓာကိုယ်အား ခပ်မတ်မတ်ပုံစံ ပြန်လည် ချိန်ညှိလိုက်ပြီး မေးလာသည်။

"အစ်ကိုကြီးက အခု အလုပ်များနေတာလား?"

အတွင်းရေးမှူးလေးမှာ ကျိုးချင်ပေါ် တစ်ယောက် ရုတ်တရက် မေးခွန်းထမေးလိမ့်မည်ဟု မထင်ထားသည့် ပုံရသည်။ ထိုသူသည် တစ်ဖက်သူထံမှ စကားသံကြောင့် ခြေလှမ်းများ အနည်းငယ် ဖရိုဖရဲ ဖြစ်သွားပြီးမှ တုံ့ခနဲ ရပ်သွားလေသည်။

"မစ္စတာဖေနဲ့ ဆွေးနွေးဖို့ လိုနေတဲ့ ဘဏ္ဍာရေး ကိစ္စလေးတွေ ရှိနေလို့ပါ"

ဝန်ထမ်းလေးမှာ အဖြေပြန်ပေးလာသည်။

"အလုပ်များ , မများဆိုတဲ့ ကိစ္စကတော့.... သူ အခုလေးတင် မိတ်ဖက်အဖွဲ့အစည်းနှစ်ခုနဲ့ တွေ့ဆုံတာ ပြီးသွားပြီး အဲ့ဒီနောက်ပိုင်းတော့ ဘာချိန်းဆိုထားတာမှ မရှိတော့ပါဘူး"

ကျိုးချင်ပေါ် သည့် နားလည်သည့် အမူအရာပြလိုက်ပြီး သူသည် ခုံမှထရင်း လက်တော့ပ်အား ခပ်သွက်သွက် ကောက်ယူလိုက်ပြီး လက်မောင်းကြားထဲတွင် ညှပ်လိုက်ကာ ထိုင်ခုံအား အတွင်းသို့ ပြန်တွန်းပို့လိုက်လေသည်။

ကျိုးချန်ရှန်သည် လုပ်စရာကိစ္စ များပြီဆိုလျှင် အလုပ်ကိုသာ အာရုံနှစ်ပြီး တရစပ်လုပ်တတ်သည့်သူ ဖြစ်လေသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now