Part 42 - I couldn't stop watching you

164 25 0
                                    

လူအုပ်ကြီးထဲရှိ ဖေယို့မှာ စင်ပေါ်မှ ဆင်းလာကာ သူ့အနားသို့ တဖြေးဖြေးလျှောက်လာသည့် ကျိုးချင်ပေါ်အား ကြည့်နေမိသည်။ ကျိုးချင်ပေါ်သည် ဘားကောင်တာအား မှီလိုက်ပြီး ရွှတ်နောက်နောက် မေးလာသည်။ 

"ကိုယ့်ရဲ့ ဖျော်ဖြေမှုက ဘယ်လိုလဲ? ကိုယ် စင်ပေါ်မှာ စတိုင်လ်ရောကျရဲ့လား?"

ဖေယို့သည် ကျိုးချင်ပေါ်၏ ရွှတ်နောက်နောက် အပြုအမူအား သိနေပြီဖြစ်သည်။ သူသည် ကလေးဆိုးကြီးသဖွယ် ပြုမူတတ်သော်လည်း အလွယ်တကူလဲ ချော့၍ရသည်။ ဖေယို့က သူ့နှင့်အတူ ရေလိုက်ငါးလိုက် လိုက်ကစားကာ စကားတစ်ခွန်းနှစ်ခွန်း ပြန်ပြောပေးနေသရွေ့ သူသည် စိတ်ကျေနပ်သွားမည်သာ ဖြစ်သည်။ 

ဖေယို့အတွက် ထိုသူ့အား ကိုင်တွယ်ရန် ခက်ခဲရခြင်းမှာ သူသည် လူများအား ချော့မြှူရာ၌ မတော်သောကြောင့် ဖြစ်သည်။ သို့ပေမဲ့ သူ့အသိစိတ်ထဲ၌ ခံယူထားသည့် ရိုးရိုးရှင်းရှင်း အတွေးမှာ သူ့ဘက်က ထိုသူနှင့်ပတ်သက်၍ ရိုးသားနေသရွေ့ ကျိုးချင်ပေါ်အား ပျော်ရွှင်အောင် လုပ်ပေးနိုင်မည်သာ ဖြစ်သည်။

"အဲ့လိုပါပဲ"

ဖေယို့သည် ကျိုးချင်ပေါ်၏ နဖူးထက်ရှိ ချွေးစက်လေးများအား သုတ်ပေးလိုက်သည်။

"ခင်ဗျား တကယ်ကို ကောင်းကောင်းလုပ်ခဲ့တယ်။ ကျွန်တော် အကြည့်လေးတောင် တစ်ချက် မလွှဲနိုင်ခဲ့ဘူး"

ထိုစကားလေး တစ်ခွန်းမှာ ကျိုးချင်ပေါ်၏ နှလုံးသည်းပွတ်အား ထိရှသွားသည့်ဟန် တူသည်။ သူသည် ငါးကြော်ရသွားသည့် ကြောင်လေးကဲ့သို့ပင် မျက်ဝန်းများ မှိတ်ကျသွားသည်အထိ ပြုံး၍လာသည်။ 

စကားတစ်ခွန်းမှမဆိုတော့ပါဘဲ သူသည် တစ်ဖက်သို့ လှည့်သွားကာ ခေါင်းငုံ့ပြီး ပြုံးပြုံးကြီး ဖြစ်နေပြန်သည်။ 

သူသည် အမှန်တကယ် တိမ်ပေါ်လွင့်နေသကဲ့သို့ ခံစားရလေသည်။ ဖေယို့သည်လည်း တစ်ဖက်သူထံမှ အပျော်ဗိုင်းရစ် ကူးစက်ခြင်း ခံလိုက်ရသည်။ သူ့နှလုံးသားအောက်ခြေမှ ထိုးထွက်လာသည့် ရွှင်ပြမှု အာရုံကြောင့် ဖေယို့မှာလဲ မပြုံးဘဲနှင့် မနေနိုင်ပါချေ။ ထို့နောက်တွင်တော့ သူတို့ နှစ်ဦးသားသည် လှေကားအား တစ်ဖန်ပြန်တက်ကာ ဘားမှ ထွက်ခဲ့ကြသည်။ 

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now