လူရှိန်ဖွယ်ရာ မိသားစုနောက်ခံနှင့် စည်းစနစ်ကျသည့် တစ်နေ့တာအား ပိုင်ဆိုင်ထားသည့် အနှီ 'ငယ်ရွယ်ထူးချွန်သော' ဖေယို့မှာ ဘား သို့မဟုတ် ကလပ်ဆီသို့ ခြေဦးလှည့်ခဲလေသည်။
ကံမကောင်းစွာဖြင့် ကျိုးချင်ပေါ်နှင့် အချိန်တော်တော်များများ ကုန်ဆုံးပြီးနောက်တွင်တော့ သူသည်လည်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဖြစ်ခဲ့ပြီ ဖြစ်သည်။
ညနေ ၆နာရီခွဲအချိန်၌ Black Bar မှာ ၎င်း၏ စီးပွားရေး အချိန်နာရီများအတွက် စတင် ပြင်ဆင်နေပြီ ဖြစ်သည်။
ကျိုးချင်ပေါ်သည် အနောက်တံခါးမှ ချောချောမွေ့မွေ့ပင် ဝင်သွား၍ သူ၏ အပေါ်ဝတ်အင်္ကျီအား ကောင်တာထက်တွင် ပစ်တင်လိုက်သည်။
သူသည် ဝန်ထမ်းများအား နှုတ်ဆက်စကားဆိုရင်းဖြင့်ပင် မီနီရေခဲသေတ္တာထဲမှ အေးစက်စက် ကိုလာတစ်ဘူးအား လှမ်းယူရန် ပြင်လိုက်သည်။
သို့ပေမဲ့ သူ၏ လက်မှာ ရေခဲသေတ္တာတံခါးအား မဖွင့်နိုင်သေးခင်မှာပင် သူ၏ လက်အနောက်ဘက်အား လာပုတ်လိုက်သည်အား ခံစားလိုက်ရလေသည်။
ကျိုးချင်ပေါ်သည် ထိတ်လန့်တကြားဖြစ်သွားရကာ အမြှီးအနင်းခံရသည့် ကြောင်လေးကဲ့သို့ပင် အနောက်ဘက်သို့ အနည်းငယ် ခုန်လိုက်လေသည်။
သူသည် ခြေလှမ်းအနည်းငယ်အား ဆုတ်လိုက်ပြီး လက်သီးအား တင်းတင်းဆုပ်လိုက်ကာ ကောင်တာဘက်သို့ သတိကြီးကြီးထားကာ ကြည့်လိုက်သည်။
"ဟေး"
ကျိုးချင်ပေါ်သည် ပူပန်ကြောင့်ကြဟန်ဖြင့် ခေါ်လိုက်သည်။
"ငါပါ"
မကြာမှီပင်, ရင်းနှီးသော ပုံရိပ်လေးတစ်ခုက ကောင်တာ အနောက်တွင်ပေါ်၍လာသည်။
ကောရှင်း၏ ဆံပင်မှာ အနည်းငယ် ရှုပ်ပွနေကာ သူ၏ အဖြူရောင် တီရှပ်ထက်တွင် ဖုန်မှုန့်အနည်းငယ် ကပ်ငြိနေသဖြင့် သူ၏ ပုံစံမှာ ညစ်တီးညစ်စုတ်ပုံပေါက်နေသည်။
"မင်း ဘာလုပ်နေတာလဲ?"
ကျိုးချင်ပေါ်မှာ စိတ်သက်သာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ရှုပ်သောဟန်ဖြင့် မေးလာသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
عاطفيةDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...