Part 26

238 45 3
                                    

ကျိုးချင်ပေါ် သည် ဖေယို့မှာ ကလေးလေးတစ်ယောက်ကဲ့သို့ ကာကွယ်ပေးနေစရာမလိုသလို သူ၏ အသက်မွေးကြောင်းအရ ဤကဲ့သို့ ပူပေါင်းလုပ်ဆောင်မှုပိုင်းတွင် ပို၍ အတွေ့အကြုံများကြောင်း သေချာပေါက် သိပါသည်။

သို့ပေမဲ့ ကျိုးချင်ပေါ် မှာ လျိုရှင်းနှင့် ယခင်က တွေ့ဖူး၍လားမသိ၊ သူ့စိတ်ထဲတွင် မတင်မကျဖြစ်မှုကြီးမှာ ကြီးစိုးထားကာ သူ့အား ထိုသူ၏ ပုံစံအား အမြဲမပြတ် သတိပေးနေလျက်ရှိပေသည်။

ထူးဆန်းလိုက်တာ

ကျိုးချင်ပေါ် သည် တွေးလိုက်သည်။

သူတို့ နောက်ဆုံး တွေ့ဆုံခဲ့ချိန်က ထင်မြင်ချက်များမှာ ယခုအချိန်တွင် ဝေဝေဝါးဝါးသာ ကျန်ရှိတော့သည် ဖြစ်သော်လည်း လျိုရှင်းမှာ သောက်သောက်စားစား နေတတ်၊ ပျော်ပါးတတ်သော ပျက်စီးနေသည့် သခင်လေး တစ်ယောက်သာ ဖြစ်သည်။ သူသည် အလေးအနက် စီးပွားရေးသမားတစ်ယောက် မဟုတ်သလို ကျိုးချင်ပေါ် တစ်ယောက် ပူပန်ရလောက်သည့်အထိ စည်းကျော်သော ကိစ္စများကို ဆောင်ရွက်ဖူးခြင်း မရှိပါချေ။

ကျိုးချင်ပေါ် သည် ထိုမတင်မကျဖြစ်မှုကြီးမှာ ဘယ်မှအရင်းခံလာမှန်း မသိလေရာ နောက်ဆုံးတွင်တော့ ယင်းမှာ ပင်ကိုအသိစိတ်၏ လှုံ့ဆော်မှုသာ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်လေသည်။

"ခွန်အားကြီးမားတယ်ဆိုတဲ့ နဂါးကတောင် နယ်ခံ မြွေကို မနိုင်နိုင်ဘူးလေ။ အကယ်၍ သူ့ဘက်က လိုလိုလားလား မပူးပေါင်းလာဘူးဆိုရင် သူနဲ့ ထိပ်တိုက်မတွေ့ပါနဲ့"

ကျိုးချင်ပေါ် သည် သတိပေးစကားဆိုလာသည်။

"ကိုယ် မင်းကို ခဏနေကျရင် လာတွေ့မယ်"

"ကောင်းပါပြီ"

ဖေယို့သည် သဘောပေါက်ဟန်ဖြင့် ပြန်ဖြေလာကာ သူသည် တစ်ဖက်သူ၏ တဗြစ်တောက်တောက် ရေရွတ်နေသည်များအား သိပ်ပြီး အာရုံထားသည့်ဟန် မပေါ်ပါချေ။

သူသည် သူ၏ ပြသနာများအား ကိုင်တွယ်ဖြေရှင်းနိုင်သော လုပ်နိုင်စွမ်းအတွက် ငြင်းခုံခြင်းမရှိပါဘဲ တစ်ဖက်သူ၏ စကားကိုသာ ရိုးရှင်းစွာ သဘောတူလာသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now