ထို ရုံးခန်းတံခါးရှေ့ အရောက် ကိုယ်တိုင် ကြွချီလာကာ တံခါးလာခေါက်ပါသော အမျိုးသား အတွင်းရေးမှူး ချောချောလေးမှာ ကလူ၏ မြှူ၏ လုပ်တတ်ပုံရကာ အလုပ်လာလုပ်သည် ဆိုသည်ထက် လုပ်ငန်းလျှို့ဝှက်ချက်အား စနည်းလာနာသည့် စပိုင်တစ်ယောက်နှင့် ပို၍တူလေသည်။
ကျိုးချင်ပေါ် သည် ဟိုတယ်ကို တစ်ခေါက်ပြန်သွားပုံရလေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်သူမှာ အနည်းငယ် လုပ်ငန်းသဘောဆန်သော ဝတ်စုံပြည့်အား ဝတ်ဆင်ထားလေရာ 'မန်နေဂျာ ကျိုး' ဟူသော အသွင်အပြင်ပုံစံ ပေါက်လေနေသည်။ သို့ပေမဲ့ သူ၏ 'အသွင်ယူ' မှုမှာ ပြီးပြည့်စုံမှု မရှိဟု ဆိုရပေမည်။
သူသည် လုပ်ငန်းခွင် ဝတ်စုံအား လဲလှယ်ဝတ်ဆင်ထားသော်လည်း သူ၏ နားသန်သီးထက်တွင် ငွေရောင် နားကပ်လေး ရှိနေဆဲ ဖြစ်ကာ သူ၏ ရှပ်ကော်လာမှာ လှစ်ဟနေပြီး ပါးလျသော ကြိုးနီလေးမှာ ထွက်ပေါ်၍နေလေသည်။
ဖေယို့သည် တစ်ဖက်သူအား စုန်ခြေဆန်ခြေ ကြည့်လိုက်သည့်အခါ တစ်ဖက်သူမှာ လက်ကောက်ဝတ်နေရာတွင် လက်ပတ်နာရီအစား အချွန်အတက်များပါသည့် လက်ပတ်အား ဝတ်ဆင်ထားလေရာ တော်တော်လေး ကို့ရို့ကိုးယားနိုင်လှသည့် အတွဲအစပ်အား ဖြစ်ပေါ်နေစေသည်။
"ခင်ဗျား ဘယ်လိုလုပ်..."
ဖေယို့သည် ဒီလိုပုံစံကြီး ဝတ်ထားတာလဲ ဟု မေးလိုက်ရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် သူ့ဘာသာ ပြန်သတိရသွားရသည်။
ကျိုးချင်ပေါ် သည် အကဲခတ်ကောင်းသူ တစ်ယောက်ဖြစ်ကာ သူ၏ သရုပ်အသွင် နှစ်မျိုးဖြစ်သည့် 'မန်နေဂျာကျိုး' နှင့် 'ကျိုးကော' အား ကောင်းစွာ စည်းခြားနိုင်သည့်သူ ဖြစ်လေသည်။
ထိုအသွင်နှစ်ခုထဲက တစ်ခုအား ယူရမည့် အခြေအနေမျိုးတွင် ကျိုးချင်ပေါ် သည် ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင်နှင့် ပတ်သက်၍ ဤကဲ့သို့ သေးငယ်လှသော အမှားမျိုး ပြုလုပ်လိမ့်မည် မဟုတ်ပါချေ။
ဒါဆို သူ တမင်သက်သက် ဒီလို ဝတ်လာတာပေါ့...
ဖေယို့သည် တစ်ဖက်သူမှာ နောက်နောင် လိုအပ်လာမည့် အခြေအနေများအတွက် အထောက်အပံ့ ဖြစ်စေရန် လျိုရှင်းတစ်ယောက် သူ့အပေါ် စံပြ 'play boy' ဆိုသည့် အမြင်မျိုးရရှိနေရန် ကြိုးပမ်းထားခြင်း ဖြစ်လိမ့်မည်ဟု တွေးမိလေသည်။
![](https://img.wattpad.com/cover/352949575-288-k611524.jpg)
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...