Part 32 - That's you , you're different!

222 42 3
                                    

ဖေယို့မှာ ကျိုးချင်ပေါ် ၏ သာမန်လူ လိုက်၍ မမှီသော အတွေးရထားကြီးနှင့် အသားကျနှင့်နေပြီ ဖြစ်လေရာ ထိုသူ့အား တကူးတက အမှားပြင်ဆင်ပေးရန် မအားထုတ်တော့ပါဘဲ ထိုသူ ပြောသည့်အတိုင်းပင် ဖာသိဖာသာ နေလိုက်သည်။

သူတို့ ဦးတည်ရာ နေရာအား ရောက်ရှိရန် အချိန်တစ်နာရီမျှ လိုနေသေးသဖြင့် ဖေယို့သည် သူ၏ လက်ဆွဲအိတ်မှ ဖိုင်တစ်တွဲအား ယူလိုက်ကာ တစ်ချို့သော စာရွက်စာတမ်းများအား စစ်ဆေးရန် ပြင်လိုက်သည်။

ကျိုးချင်ပေါ် သည် ထိုစာရွက်ထံသို့ တစ်ချက်လှမ်းကြည့်လိုက်လေရာ ၎င်းမှာ အထွေထွေ အနှစ်ချုပ် စာရင်းဖြစ်ပြီး ဘယ်ဘက်တွင်တော့ Dongjiang ဘက်မှ ဖြည့်တင်းထားသော ပစ္စည်းအမျိုးအစားများ ဖြစ်ကာ ညာဘက်ခြမ်းတွင်တော့ နေရာလွတ်နေကာ ဖေယို့ တစ်ယောက် စာရင်းစစ်ဆေးမှု ပြီးဆုံးသည့်အခါ ထပ်မံ ဖြည့်စွက်ရန် ချန်ရစ်ထားခြင်း ဖြစ်လောက်လေသည်။

ကျိုးချင်ပေါ် သည် ထိုစာရင်းအား ခပ်သွက်သွက် တစ်ချက်ကြည့်ပြီးသည့်အခါ ၎င်းမှာ အတော်လေး အသေးစိတ်ကျလှကာ ဆောက်လုပ်ရေးဆိုင်ရာ စက်ကိရိယာများသာမက သဲ၊ ဘိလပ်မြေ၊ စတီးချောင်း စသည့် ‌ကုန်ကြမ်းပစ္စည်းများက အစ ရေးမှတ်ထားသည်အား တွေ့လိုက်ရလေသည်။

"သူတို့ ဒါတွေကိုပါ ရေထားတယ်ပေါ့"

ကျိုးချင်ပေါ် သည် စာရင်းပေါ်ရှိ 'အုတ်ကုန်ကြမ်း' ဆိုသည့် အကွက်လေးအား ညွှန်ပြကာ သက်ပြင်းတစ်ချက်ဖြင့် ပြော၍လာသည်။

"ဒါကို သူတို့ ဘယ်လိုများ စစ်ထားတာလဲ?"

"ရေတွက်လို့ ရတဲ့ဟာကို ရေတွက်၊ ရေတွက်လို့ မရတဲ့ဟာကို အချိန်အတွယ် ၊ အတိုင်းအတာသုံး လို့ရတယ်လေ"

ဖေယို့သည် လေသံအေးလေးနှင့် ပြောလာသည်။

"ကျွန်တော် ဒီအလုပ်ကို စလုပ်တုန်းကဆိုရင် ခဏခဏ စာရင်းတွေ စစ်ရတော့ စာရင်းပေါ်မှာ၏ ပစ္စည်းအမျိုးအစား အများကြီး မြင်ဖူးတယ်။ ဒီနယ်ပယ်မှာ ဒါက တထူးတဆန်း ကိစ္စကြီးတော့ မဟုတ်ပါဘူး"

"အဲ့လိုလား?"

ကျိုးချင်ပေါ် သည် စိတ်ဝင်တစား ရှိလာ၍ ဆက်မေးလာသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now