ကျိုးချင်ပေါ်သည် ရုတ်ချည်း သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တစ်ယောက် သဖွယ် ခံစားလိုက်ရသည်။ သူသည် ဖေယို့၏ ကနဦး 'ကိုယ့်ကိုကိုယ် မိတ်ဆက်ခန်း' မှာပင် ထိုသူ၏ ပြတ်သားလှသော ဆုံးဖြတ်ချက်အား သိရှိပြီးသား ဖြစ်လေရာ နောက်ဘဝ၌ပင် အကြင်သူသည် လက်တွဲဖော် တစ်ယောက် ရှာဖွေလိုသော အိမ်မက်အား အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါချေ။
ကျိုးချင်ပေါ်သည် ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်ရှိနေသော်လည်း ဖေယို့မှာတော့ ဒီကမ်းလှမ်းချက်အပေါ် အနည်းငယ် သံသယပွားမိဆဲ ဖြစ်လေသည်။
"ဒါပေမဲ့ ခင်ဗျားက တစ်ကိုယ်ရည်တစ်ကာယ ဘဝကို အားပေးထောက်ခံတဲ့သူ မဟုတ်ဘူးလား?"
ဖေယို့သည် သတိကြီးကြီးထားကာ မေး၍လာသည်။
"အဲ့တာက အခုကိစ္စနဲ့ ဘယ်လိုများ သက်ဆိုင်နေလို့လဲ?"
သူသည် မျက်ခုံးတစ်ဖက် မြှင့်လိုက်ကာ လက်အား ပြီးစလွယ် ဝှေ့ယမ်းပြရင်း ပြော၍လာသည်။
"နည်းပြတွေက ဝင်မကစားဘူး ဆိုတဲ့ စကားကို မင်းလေး မကြားဖူးဘူးလား?"
ကျိုးချင်ပေါ်သည် သူကိုယ်တိုင် အချစ်ဆိုတာ ချိုသလား၊ ခါးသလား မခံစားဖူးသော်လည်း သူသည် ငယ်ရွယ်စဉ်ကတည်းက သူ့အစ်ကို ကျိုးချန်ရှန် နှင့် သူ၏ ဇနီး ကျန်းမန် ကြားမှ ကို့ရို့ကားယား အချစ်ဇာတ်လမ်း၏ ပင်တိုင်ပရိသတ် ဖြစ်ခဲ့ဖူးလေသည်။
သူ့အစ်ကိုနှင့် မရီးဖြစ်သူမှာ ငယ်ရွယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး အသက်အရွယ်အားဖြင့် ငါးနှစ်ကွာခြားကာ မိသားစုအချင်းချင်းမှာလဲ ဆယ်စုနှစ် များစွာကြာ ကျွမ်းဝင် ရင်းနှီးပြီးသား ဖြစ်လေသည်။ သို့ပေမဲ့ ကျိုးချန်ရှန်မှာ အရာရာအား အတည်ပေါက် တွေးတောလုပ်ကိုင်တတ်ကာ ခေါင်းမာသူ တစ်ယောက်လဲ ဖြစ်ပေသည်။ သို့ပေမဲ့ ကျန်းမန်ကတော့ သဘောထား ပွင့်လင်းကာ ခေတ်နှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်သူ တစ်ယောက် ဖြစ်လေသည်။
ထိုသို့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသော လူနှစ်ယောက်မှာ ငယ်ရွယ်စဉ်အချိန်က မကြာခဏ စကားများလေ့ရှိပြီး နောက်ဆုံးတွင်တော့ ကျိုးချန်ရှန်၏ ဒေါသကြောင့် ကျန်းမန်တစ်ယောက် ငိုယိုသွားခြင်းဖြင့်သာ အဆုံးသတ်သွားလေ့ရှိသည်။
![](https://img.wattpad.com/cover/352949575-288-k611524.jpg)
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...