ကျိုးချင်ပိုင်သည် သူကိုယ်တိုင်က တစ်ခါမှ ရည်းစားသညာမထားခဲ့ဖူးသော်လည်း ဖေယို့ကဲ့သို့ ဥမှပေါက်ကာစ လူတစ်ယောက်ကိုတော့ ကောင်ကောင်ကြီး ကိုင်တွယ်နိုင်သည်အထိ အတွေ့အကြုံပြည့်ဝသည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိလေသည်။
ထင်ထားသည့်အတိုင်းပင် ဖေယို့မှာ လုံးဝဥဿုံ သွေးဆောင်ခြင်း ခံလိုက်ရလေသည်။ သူသည် ကျိုးချင်ပိုင်၏ မျက်လုံးများအား လွှဲရှောင်နိုင်ရန် မျက်လွှာကလေး ချထားကာ တစ်စုံတစ်ရာအား အတွေးနက်နေသည့်ဟန် ပေါ်နေသည်။
တခဏကြာသည်အထိ ကျိုးချင်ပိုင်သည် ဘာတုံ့ပြန်မှုမှ မရသဖြင့် သူ၏ အားတက်သရော သင်ကြားခြင်းမှာ နံရံကြီးအား ဝင်ဆောင့်နေသည့် သဖွယ် ဖြစ်သွားရသည်။ ထို့ကြောင့် ကျိုးချင်ပိုင်မှာ နောက်ထပ် အောင့်အီးသည်းခံနိုင်ခြင်း မရှိတော့ဘဲ လက်အား ဆန့်ထုတ်ကာ ဖေယို့၏ အရှေ့၌ လက်ဝှေ့ယမ်းပြလာသည်။
"ဟေး, ကိုယ် အတန်းလစ်ခွင့်မပြုနော်"
ကျိုးချင်ပိုင်မှာ အလျှော့မပေးနိုင်သည့်ပုံစံဖြင့် ပြောလေသည်။
ဖေယို့သည် ထိုအခါတွင်မှ သတိပြန်ဝင်လာသည်။ ခုနလေးတင် ဘာတွေးနေသည်ဖြစ်ကြောင်း သူ ကိုယ်တိုင်ပင် မမှတ်မိတော့ပါဘဲ ကျိုးချင်ပိုင်ကိုသာ နားလည်ပါသည် ဆိုသည့် သဘောဖြင့် ခေါင်းညိတ်ပြလာသည်။
"မင်း တကယ်နားလည်တာလား?"
ကျိုးချင်ပိုင်သည် သင်္ကာမကင်းသည့်ဟန်ဖြင့် မေးလာသည်။
"အင်း"
ဖေယို့သည် ပြန်ဖြေလာသည်။
ကျယ်ဝန်းကာ မီးရောင်များ ပြည့်နှက်နေသည့် ခန်းမကြီးထဲတွင် ခရီးသည် အနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး ခုနလေးတင် သူတို့အနားတွင် အတူတူ စောင့်ဆိုင်းနေခဲ့သည့် လူငယ်စုံတွဲလေးမှာလဲ ထွက်ခွာသွားပြီ ဖြစ်လေသည်။
အခုအချိန်တွင်တော့ ဟိုတစ်စု၊ ဒီတစ်စု ပြန့်ကျဲနေသည့် ခရီးသည် အနည်းငယ်သာ ကျန်ရှိပေတော့သည်။
ဖေယို့သည် ကျယ်ဝန်းသော ခန်းမအတွင်း ပဲ့တင်ထပ်သွားမည်ကို စိုးရိမ်လေရာ တမင် စကားသံအား တိုးဖျော့ထားသဖြင့် သူ့ပုံစံလေးမှာ အလွန် နူးညံ့ကာ နွေးထွေးနေလေသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...