Part 22 - Goodnight

254 55 2
                                    

ဖေယို့မှာ စောင့်ထိန်းသင့် စောင့်ထိန်းအပ်သော စည်းဘောင်နှင့် အပြုအမူအား ကောင်းစွာ နားလည်သောသူ ဖြစ်လေသည်။ သူသည် ကျိုးချင်ပေါ် အား ကူညီထောက်ပံ့ပေးရုံသာ ဖြစ်ပြီး အမှန်တကယ် ကျိုးချင်ပေါ် ၏ ခါးအား သိုင်းဖက်လိုက်ခြင်း မဟုတ်ပါချေ။

သို့ဆိုလျှင်တောင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အမှန်တကယ်ကို နီးကပ်လွန်းလှသည်။ ဖေယို့ထံမှ ရနံ့သင်းသင်းလေးသည် သူ၏ ဂန္ဓာရုံအား အလွယ်တကူပင် ကလူကျီဆယ်သွားသည်အား ကျိုးချင်ပေါ် မှာ ခံစားနိုင်လေသည်။

ထင်ရှူးနဲ့ လက်ဖက်ခြောက်ရနံ့ တွင် လီမွန်ရနံ့လေးက ခပ်ဖျော့ဖျော့ ရောယှက်နေသည်။ ထိုရနံ့လေးမှာ ဖေယို့၏ ကိုယ်ဟန်စိတ်ထားကဲ့သို့ပင် ဆန်းကြယ်ကာ နူးညံ့သည့် သဘောသဘာဝ ရှိလေသည်။ အကွာအဝေးတစ်ခုမှ ထိုသူသည် ငြီးငွေ့ဖွယ် ပုံတုံးတစ်ယောက်ဟု ထင်မြင်ရသော်လည်း တကယ် နီးနီးကပ်ကပ် ရှိသည့်အခါတွင်မှ ထိုသူ၏ တကယ့်ပုံစံအစစ်အမှန်အား ရှာဖွေတွေ့ရှိနိုင်ပေသည်။

ကျိုးချင်ပေါ် သည် ဤကဲ့သို့ ရနံ့ဖျော့ဖျော့လေးအား ကြိုက်နှစ်သက်ခြင်း မရှိပါချေ။ သို့ပေမဲ့ ဖေယို့ထံမှ ရရှိသော ရနံ့လေး ဖြစ်နေသည့်အခါ သူ့အား သင့်တော်သည့် အတိုင်းအတာတစ်ခုအထိ သက်တောင့်သက်သာ ခံစားရစေသည်။

အနံက တော်တော်လေး ကောင်းတာပဲ...

ကျိုးချင်ပေါ် သည် တွေးလိုက်မိသည်။

ဘာတံဆိပ်လဲ မသိဘူး၊ ရင်းနှီးနေသလိုလိုနဲ့ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်...

သူသည် သက်ပြင်းတစ်ရှိုက်အား နက်နဲစွာ ရှိုက်လိုက်ပြီး ဖေယို့၏ လက်ထံမှ ကူးလူးလာသည့် ညင်သာသော အထောက်အပံ့အား ဖြင့် လှေကားများဆီသို့ တစ်ထစ်ချင်း ဆင်း၍လာသည်။

သူ၏ အမြင်အာရုံမှာ အနည်းငယ် ဝေဝါးနေသော်လည်း သူ၏ ခြေလှမ်းများမှာတော့ တစ်ချက်ကလေးပင် ယိမ်းယိုင်သွားခြင်းမရှိပါဘဲ မြဲမြဲမြံမြံ ရှိလှသည်။

ကျိုးချင်ပေါ် သည် ဖေယို့ဘက်သို့ လှည့်ကြည့်လိုက်ကာ မျက်ခုံးတစ်ဖက်အား ပင့်လိုက်ပြီး ဂုဏ်ယူပြုံးဖြင့် ပြောလာသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now