ကျိုးချင်ပေါ်သည် Fu Yuan Lou ဟိုတယ်၌ ညစာစားရန် သဘောတူလိုက်ပြီးနောက်တွင် လျိုရှင်းမှာ ဤနောက်ဆုံးသော ကျည်ဆံအား အမိအရ အသုံးချပုံရကာ ညစာစားပွဲအား ကျောက်ပုဇွန်ထုတ်, ကဏန်း၊ ဂုံး ပင်လယ်စာအစုံအလင်ဖြင့် ဇာချဲ့ပြင်ဆင်ထားပုံမှာ အခုမှ ကောက်ကာငင်ကာ သူဌေးထဖြစ်သွားသော သူ၏ မင်္ဂလာဧည့်ခံပွဲအလား။
ဖေယို့နှင့် ကျိုးချင်ပေါ်တို့ ဟိုတယ်သို့ ရောက်ချိန်တွင် လူအများသွားလာနေရာ လော်ဘီ၌ ငါးသင်ဝါငါးအကြီးကြီးတစ်ကောင်အား ယူထုတ်လာလေသည်။ ကျိုးချင်ပေါ်မှ စပ်စပ်စုစုဖြင့် ၎င်းအား ခဏတာ ဟိုကြည့်ဒီကြည့်လိုက်သောအခါ ငါး၏ အောက်၌ မှာယူထားသော အခန်းနံပါတ်အား တွေ့လိုက်ရသည်။
"ဒီလူကတော့ အတည်ကြီးကို ချနေတာပဲ"
ကျိုးချင်ပေါ်သည် လူအုပ်ကြီးထဲမှ ထွက်လာပြီး ဖေယို့နားသို့ ပြန်ကပ်လာကာ သက်ပြင်းလေး တချချဖြင့် ဆိုလာသည်။
"လူတွေကတော့ ဒီမှာ ညစာဧည့်ခံပွဲကြီး ရှိတယ်လို့ ထင်ကြတော့မှာပဲ"
ဖေယို့သည် တစ်ဖက်သူ ကြည့်ရှုနေရာဘက်သို့ လိုက်ကြည့်သည့်အခါ လူအုပ်ကြီးအား တွေ့လိုက်ရလေသည်။ ထို့နောက် သူသည် ချက်ချင်း သဘောပေါက်သွားရသည်။
"လျိုရှင်း မှာထားတာလား?"
ကျိုးချင်ပေါ်သည် ခေါင်းညိတ်ပြကာ ရွှတ်နောက်နောက် အမူအရာလုပ်ပြလာသည်။
"အဲ့တာက အနည်းဆုံး ယွမ်ငါးထောင်လောက်ရှိလိမ့်မယ်။ ကိုယ်တောင် ပေကျင်းမှာ အဲ့လိုဟာများတွေ မမှာစားနိုင်ဘူး"
"ကြည့်ရတာတော့ တကယ့် ဧည့်ခံပွဲကြီးပုံစံ လုပ်ထားတာနဲ့ တူတယ်"
ဖေယို့သည် အပြုံးလေးဖြင့် ပြောလာသည်။
"အဲ့ဒီ ယွမ်ငါးထောင်တန် ငါးလေးနဲ့ ကိုယ့်ကို ဝယ်လို့မရသေးပါဘူးနော်"
ကျိုးချင်ပေါ်သည် မျက်လုံးလေးတစ်ဖက် မှိတ်လိုက်ကာ နောက်တီးနောက်တဲ့ ဆိုလာသည်။
"အနည်းဆုံးတော့ ယွမ် ၂သောင်းလောက်မှ ရမယ်"
နှစ်ဦးသားမှာ စရင်းနောက်ရင်းဖြင့် လူအုပ်ကြီးအား ဖြတ်ကျော်လာကာ သီးသန့်အခန်းအတွင်းသို့ ဝင်လာကြသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...