Part 24- No, he's good

257 50 4
                                    

ထို Wechat moment မှာ မနက်၄နာရီလောက်က တင်ထားခြင်း ဖြစ်လေသည်။ ကျိုးချင်ပေါ် မအိပ်ခင် အချိန်က တင်ထားလောက်သည် ဖြစ်သော်လည်း ထိုလူတစ်ယောက် ဘယ်အချိန်က ဓာတ်ပုံရိုက်လိုက်ကြောင်း တွေးမိသည့်အခါ ဖေယို့ မျက်ခုံးများမှာ စုကြုံ့သွားရသည်။

နောက်ဆုံးတွင် ဖေယို့သည် 'like' တစ်ချက် ပေးလိုက်လေသည်။ သူသည် Wechat မှ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ကောရှင်းဆီမှ နောက်ထပ် စာအသစ်တစ်စောင် ထပ်ဝင်လာပြန်သည်။

"တကယ်တော့ ကျွန်တော် ဒီကိစ္စလေးနဲ့ ပတ်သက်ပြီး တိုင်ကြားချင်တာရော, အကြံတောင်းချင်တာရော ရှိလို့ စာပို့လိုက်တာပါတာ"

ထိုစာနောက်တွင်တော့ ဓာတ်ပုံလေး တစ်ပုံမှာ ကပ်၍ပါလာသည်။

ဖေယို့သည် ထိုဓာတ်ပုံလေးအား နှိပ်လိုက်သည့်အခါ လျင်မြန်စွာပင် chat history တစ်ခုအား မြင်လိုက်ရသည်။ ထို screenshot မှာ ခေါင်းစည်း အတည်တကျ မပါရှိပါဘဲ အလယ်မှ ဖြတ်ထားခြင်း ဖြစ်ပေသည်။ ပထမဆုံး စာကြောင်းမှာ ကျိုးချင်ပေါ် က ကောရှင်းထံ ပို့ထားခြင်း ဖြစ်သည်။

ဖေယို့ကို ဘယ်သူနဲ့မှ မိတ်မဆက်ပေးနဲ့တော့...

ဘာအသံ, ဘာစိတ်ခံစားချက်မှ မပါရှိသော ထို စာကြောင်းလေးမှာ ရိုးရှင်းသော chat background ထက်တွင် အရှိန်အဟုန် ကြီးစွာဖြင့် တည်ရှိနေလေသည်။

ကျိုးချင်ပေါ် စာပို့ချင်းချင်းမှာပင် ကောရှင်းဘက်မှ စာပြန်ပို့ထားလေသည်။

မင်းက ဘာလာဝင်ရှုပ်နေတာတုန်း? 🤔

ကောရှင်းမှာ စိတ်ရှုပ်ထွေးနေသည့် emoji လေးဖြင့် မေးကာ ထပ်ဖြည့်ပြောလာသည်။

ဖေယို့ဘက်ကတောင် ဘာမှ မပြောသေးတာ, မင်းက ဘာကိစ္စနဲ့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ ဆိုပြီး လာတားနေတာလဲ?

ငါ မင်းထက် သူ့အကြောင်း ပိုသိတယ်..

ကျိုးချင်ပေါ် သည် စာပြန်လာသည်။

နောက်ပြီး ငါ သူ့အတွက် လုံလုံလောက်လောက် စိတ်ပူပေးပြီးသား, မင်း လာဝင်ရှုပ်စရာ မလိုဘူး။ မင်း ရွေးထားပေးတဲ့ လူတွေက သူနဲ့ သင့်တော်တာ တစ်ယောက်မှ မရှိဘူး။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now