Part 50 - Only if you are here

221 32 10
                                    

ဖေယို့မှာ ကျိုးချင်ပေါ် ထားရှိသည့် သူ၏ ခံစားချက်အား အခုလေးတင် နားလည်သဘောပေါက်သွားခြင်း ဖြစ်ပြီး အခုအချိန်တွင် ကျိုးချင်ပေါ်၏ ချစ်စရာကောင်းပြီး တွယ်ကပ်တတ်သည့် အမူအကျင့်လေးများ အပေါ် ခုခံနိုင်စွမ်း လုံးဝဥဿုံ ကင်းမဲ့နေလေသည်။ 

သူသည် ကြောင်ကလေးတစ်ကောင် ဟိုလှိမ့် ဒီလှိမ့်လုပ်နေသည့် emoji လေးအား ကြည့်လိုက်ကာ သူ့စိတ်ထဲတွင် ထိုကြောင်လေးနေရာ၌ ကျိုးချင်ပေါ်အား အစားထိုးကာ မြင်ယောင်ကြည့်လိုက်သည်။ 

ကျိုးချင်ပေါ်သည် ထိုသို့ ချစ်စရာကောင်းသည့် ဟန်ပန်လုပ်သည့်အခါ သူ့၌ အမြဲတစေ ရှင်းလင်းသော ပစ်မှတ်တစ်ခုရှိကာ ဘယ်အချိန်တွင် အခွင့်အကောင်းယူရမှန်း ဘယ်အချိန်တွင် နောက်သို့ ပြန်ဆုတ်ရမည် ဖြစ်မှန်း သိကာ စည်းဘောင်မှ တစ်ချက်မှ မလွတ်စေဘဲ လူတို့၏ ခံစားချက်များအား ကျွမ်းကျင်စွာ ကစားနိုင်လေသည်။ 

ဖေယို့သည် အကယ်၍ သူသာ ကျိုးချင်ပေါ်နှင့်အတူ ရှိနေခဲ့ပါလျှင် ကျိုးချင်ပေါ်သည် မည်သို့ ဟန်ပန်ကလေးလုပ်ကာ အနှီစကားများအား ပြောလိမ့်မည် ဖြစ်မှန်း စိတ်ကူးကြည့်နိုင်လေသည်။ 

သူသည် ဖေယို့အား အပြုံးလေး တစ်ခုဖြင့် အရင်စတင် တိုက်ခိုက်လိမ့်မည် ဖြစ်ကာ ထို့နောက်တွင်တော့ သူ့အင်္ကျီလက်အစွန်းလေးအား အသာလေး ကိုင်ကာ သို့မဟုတ် ခပ်သာသာလေး ဆောင့်ဆွဲကာ တမင်ဟန်လုပ်ထားသော်လည်း မြတ်နိုးဖွယ်ရာကောင်းသော အလွန်သနားစရာကောင်းသည့် အမူအရာလေး လုပ်ပြလိမ့်မည် ဖြစ်သည်။

( T/Nစာဖတ်တဲ့သူတွေ အထပ်မှားပို့ချင်လဲ ပို့ချင်စရာ) 

ရင်ခုန်သည် ဆိုသည်မှာ အတော်လေး လျှို့ဝှက်ဆန်းကြယ်‌သော သက်ရောက်မှုတစ်ခု ဖြစ်သည်။ ၎င်းမှာ ပါးလွှာသည့် ပြတင်းပေါက်လိုက်ကာစလေးမှ ဖြတ်သန်း၀င်ရောက် လာသည့် နေရောင်ခြည်လေးကဲ့သို့ပင် အုံ့မှိုင်းနေသည့် နေရာအား လင်းရှင်းကာ တောက်ပသွားစေသည်။ 

ဖေယို့သည် သူ့နှလုံးသားအတွင်း၌ ချိုမြိန်မှုလေးအား လျှို့ဝှက်စွာ ခံစားလိုက်ရပြီး ရဲစွေးသော ရှက်‌သွေးလေးများမှာလဲ သူ၏ နားရွက်လေးများအား အနီဖျော့ဖျော့ အရောင်ထင်ဟပ်စေသည်။   

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now