Part 21 - Careful

237 57 8
                                    

Xi'an မြို့တွင် မိုးသည်းလျက်ရှိနေရာ လေကြောင်းခရီးစဉ်အား များစွာ သက်ရောက်မှု ရှိနေသည်။ လေယာဉ်မှာ သန်းခေါင်ယံတွင် ဆိုက်ရောက်မည်ဟု ကြေညာထားသော်လည်း နှစ်နာရီခန့် နောက်ကျသွားကာ မနက် ၂နာရီမှ လေယာဉ်ဆိုက်လေသည်။

ဒီခရီးစဉ်မှာ ဒီနေ့ညအတွက် နောက်ဆုံးသော ခရီးစဉ် ဖြစ်လေသည်။ သူတို့ လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ထွက်ပေါက်ဂိတ်မှာ မည်းမှောင်နေပြီ ဖြစ်သလို ဆိုင်များ အားလုံးမှာလဲ ပိတ်ထားကြပြီ ဖြစ်ကာ မီးအလင်းရောင် ရှိသော လျှောက်လှမ်းကသာလျှင် သူတို့အား လမ်းပြစောင့်ကြိုနေသည်။

ကျိုးချင်ပေါ် နှင့် ဖေယို့မှာ စစ်ဆေးရန် အထုပ်အပိုးများများစားစား ပါလာကြသည်မဟုတ်ဘဲ ခရီးဆောင်အိတ် သေးသေးလေး နှစ်လုံးသာ ပါလာကြသဖြင့် လျင်လျင်မြန်မြန် ထွက်လာနိုင်လေသည်။ သူတို့သည် စက်လှေကားဖြင့် ကားပါးကင်နေရာသို့ ဦးတည်ချီတက်လာကြချိန်တွင် သူတို့နားတွင် ခွေးတစ်ကောင် ကြောင်တစ်မြှီးမျှပင် မရှိပါချေ။

"အရမ်းကို တိတ်ဆိတ်နေတာပဲ"

ကျိုးချင်ပေါ် သည် အရိုးမပါသည့်အလား လက်ကိုင်နေရာအား မှီကာ ဟိုဟိုဒီဒီ ကြည့်ရှု၍ ပြောလာသည်။

"ဒါကလေ survival game တွေက ပုံစံနဲ့ တူတယ်လို့ မထင်ဘူးလား"

ခေတ်မှီလေဆိပ် အဆောက်အဦးကြီးမှာ ကျယ်ဝန်းကာ မြင့်မားလှသည်။ လူများ ဥပဟိုသွားလာနေကြသည့် အချိန်တွင်တော့ အဆင်ပြေသော်လည်း ယခုလို တိတ်ဆိတ်ခြောက်ကပ်နေသည့် အချိန်တွင် အမှန်တကယ်ပင် ကျောချမ်းစရာကောင်းလှသည်။

ဖေယို့သည် သူ့နံဘေးရှိ ကျိုးချင်ပေါ် ဘက်သို့ လှည့်ကာ ပြောလာသည်။

"အဲ့လိုမျိုး မဖြစ်လာစေဖို့ မျှော်လင့်ကြတာပေါ့"

ဖေယို့သည် ခဏတာ တွေးတောပြီးမှ စကားဆက်လာသည်။

"ကျွန်တော့်မှာ အဝတ်အစား နည်းနည်းနဲ့ လက်တော့ပ်တစ်လုံးပဲ ပါတာ၊ တိုက်ဖို့ ခိုက်ဖို့ ဘာလက်နက်မှမပါခဲ့တော့ အသက်ရှင်ဖို့တောင် လွယ်ပါ့မလား မသိဘူး"

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now