Part 13 - How about I teach you

309 51 2
                                    

သူတို့ စကားပြောနေစဉ် မလှမ်းမကမ်းရှိ Area C မှ ရုတ်ရုတ်သဲသဲ ဖြစ်သံ ထွက်ပေါ်၍ လာလေသည်။ ကျိုးချင်ပေါ်မှာ ဖေယို့ သွားသည့်နေရာမှာ ထိုဘက်ဖြစ်နေသည်အား သတိရသွားသည့်အခါ သူ့လက်အတွင်းမှ ဖန်ခွက်အား ချလိုက်မိသည်။

သူသည် Black Bar မှ bartender တစ်ယောက်အား နေရာဖယ်ပေးလိုက်ကာ နံဘေးတွင် ရပ်၍ ကောရှင်းအား တစ်ချက်ပုတ်လိုက်ကာ မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ? မင်း သူ့ကို ဘယ်သူနဲ့ မိတ်ဆက်ပေးလိုက်ပြန်ပြီလဲ?"

"ဒီတစ်ခါက ငါ့လက်ချက်မဟုတ်ဘူး"

ကောရှင်းသည် အရိုးခံ မျက်နှာလေးဖြင့် ပြန်ပြောလာသည်။

ကောရှင်းသည် သူ့မေးစေ့အား ပွတ်သပ်ကာဖြင့် စကားဆက်လာသည်။

"ကြည့်ရတာ သူ့အမေ စီစဉ်ပေးထားတာပဲ ဖြစ်ရမယ်။ အန်တီဟောက စိတ်သဘောထား ပွင့်လင်းသလို ခေါင်းလဲမာတယ်။ သူက ဖေယို့တစ်ယောက် တစ်သက်လုံး လူပျိုကြီးဘဝနဲ့ ဖြတ်သန်းရမှာစိုးပြီး လက်တွဲဖော်တစ်ယောက် ဖြစ်နိုင်သမျှ မြန်မြန် ရစေချင်တာ။ ငါကြားသလောက်ဆိုရင် သူက အောင်သွယ်တော် ဝက်ဆိုက်ဘ်မှာ ဖေယို့အတွက် အကောင့်တောင် ဖွင့်ထားပေးတာတဲ့"

ကျိုးချင်ပေါ် "...."

ဒီကောင် နောက်နေတာပဲ ဖြစ်ရမယ်...

ကျိုးချင်ပေါ်မှာ တွေးလိုက်မိသည်။

Area Cဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်သံမှာ မစဲသေးသော်လည်း ကိစ္စကြီးကြီးမားမားဖြစ်ဟန် မတူ။ ကျိုးချင်ပေါ်သည် ခဏတာ တွေးတောပြီးနောက် အနားရှိ ဝန်ထမ်းတစ်ဦးအား လက်ဝှေ့ယမ်းကာဖြင့် ခေါ်လိုက်သည်။

"ငါ့သူငယ်ချင်း တစ်ယောက်က ဟိုဘက်မှာ ရှိနေတယ်"

ကျိုးချင်ပေါ်သည် ပြောလိုက်သည်။

"ဝိုင်း ၁၇ကို တစ်ချက်လောက် သွားကြည့်။ ပြသနာတစ်ခုခု ရှိရင် ငါ့ကို လာပြန်ပြော"

ဝန်ထမ်းလေးမှာ ခြေပေါ့သူ ဖြစ်လေရာ ချက်ချင်း သွားကြည့်လေသည်။

ကောရှင်းမှာ ကျိုးချင်ပေါ်အား စနောက်လာသည်။

"မင်း သူ့ကို တော်တော်လေး ဂရုစိုက်သလိုပဲနော်"

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now