Part 46 - He's targeting you

150 33 2
                                    

လျိုရှင်းတစ်ယောက် ထွက်သွားပြီးနောက် ဖေယို့သည် အခန်းတွင်းသို့ ဝင်လာကာ ကျိုးချင်ပေါ်၏ အနားတွင် ထိုင်ချလိုက်သည်။

"ခင်ဗျား သူ့ကို ဘာပြောလိုက်လို့လဲ?"

ဖေယို့သည် ညင်သာစွာ မေးလာသည်။

"သူ့ပုံစံက နည်းနည်း မူပျက်နေသလိုပဲ"

"ကိုယ် သူ့ကို နည်းနည်း စိတ်ညစ်သွားအောင် လုပ်လိုက်တာ"

ကျိုးချင်ပေါ်သည် ပြုံးလိုက်ပြီး ဝိုင်တစ်ငုံအား ထပ်သောက်လိုက်သည်။ ထို့နောက်တွင်တော့ သူသည် သစ်သီးပန်းကန်အား အနားသို့ ယူလိုက်ကာ သခွားမွှေးသီး တစ်စိတ်အား ဖေယို့ထံ ကမ်းပေးလာသည်။ 

"သူက ကိုယ့်ကို အကဲစမ်းဖို့ လုပ်နေတာလေ၊ သူက ကိုယ့်ကို သူနဲ့ တစ်လှေတည်းစီးစေချင်တာ"

ကျိုးချင်ပေါ်သည် အပြုံးတစ်ခုဖြင့် အကြမ်းဖျဉ်း ရှင်းပြလာသည်။ 

"ကိုယ် သဘောမတူလိုက်ပါဘူး"

"ခင်ဗျားကို တစ်လှေတည်း စီးချင်တာ?"

ဖေယို့သည် ရုတ်ချည်း သဘောမပေါက်သေးသဖြင့် မေးမြန်းလာသည်။

"ခင်ဗျား ဘာပြောချင်တာလဲ?"

ကျိုးချင်ပေါ်သည် သူ၏ ကိုယ်ဟန်အား အနည်းငယ် ထိန်းညှိလိုက်ပြီး သူ့အသံအား နှိမ့်လိုက်ကာ ခုနက အဖြစ်ပျက်တစ်ခုလုံးအား အတိုးချုံးကာ ရှင်းပြလိုက်သည်။ 

"သူ့ကို သတိထားမှ ဖြစ်မယ်"

ကျိုးချင်ပေါ်သည် ပြောလာသည်။ 

"ကိုယ် သူ့ရဲ့ စီးပွားရေး နဲ့ ပတ်သက်ပြီး မသင်္ကာစရာ တစ်ခုခု ရှိလိမ့်ဦးမယ်လို့ ခံစားနေရတယ်"

ကျိုးချင်ပေါ်သည် လျိုရှင်း၏ အနှီ 'စီးပွားရေး အပေးအယူ' ဆိုသည်မှာ ဒီအတိုင်း ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်သည့် အခွင့်အရေးတစ်ခုသက်သက် ဖြစ်လိမ့်မည်ဟု မထင်ပါချေ။ 

သူသည် ဒီအတိုင်း မဟုတ်မမှန်သည့် သတင်းတစ်ခုအား တမင်သက်သက် ဖြန့်လိမ့်မည် မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ကျိုးချင်ပေါ်သာ ကျိုးချန်ရှန်နှင့် အမှန်တကယ် ပြသနာရှိနေသည့် တစ်စုံတစ်ယောက်ဖြစ်နေပါလျှင် အနှီ အပြိုင်လုပ်ငန်းဆိုတာကြီးအား တစ်ချိန်လုံး အကြံအဖန်လုပ်ထားဖို့ ဆိုသည်မှာ မဖြစ်နိုင်သလို ဘူးပေါ်သလို ပေါ်သွားမည့် အခွင့်အရေးမှာလဲ များလှသည်။  

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now