Part 15 - The first rule of dating is no ghosting

291 59 10
                                    

နောက်တစ်နေ့ မနက်တွင် ဖေယို့သည် ပုံမှန်အတိုင်း အလုပ်သို့ လာခဲ့လေသည်။

ချင်းရှန်သို့ မသွားခင် သူသည် သူ၏ ယခင်ရုံးသို့ အရင် ဝင်လိုက်သည်။ သူ ချင်းရှန်သို့ ရောက်သည့်အချိန်တွင်တော့ သူ့ပုံမှန် အလုပ်တက်ချိန်ထက် တစ်နာရီခန့်လောက် နောက်ကျနေပြီ ဖြစ်သည်။

တခြား စာရင်းစစ်ဝန်ထမ်းများ အလျှိုလျှို အလုပ်လုပ်နေလျက်ရှိသော အစည်းအဝေးခန်းမကြီးမှာတော့ တိတ်ဆိတ်၍ နေလေသည်။

ဖေယို့သည် တံခါးအား တွန်းဖွင့်ကာ ဝင်လိုက်ပြီးနောက် အခန်းတစ်ပတ် ဝေ့ကြည့်လိုက်ချိန်တွင် ကျိုးချင်ပေါ်သည်လည်း ရှိနေပါကြောင်း တွေ့လိုက်ရသည်။

ယနေ့တွင်တော့ ကျိုးချင်ပေါ်သည် ပုံမှန်ထက် စောရောက်နေကာ သူ့အကြိုက်ဆုံး ထောင့်လေးတွင် အေးအေးလူလူ အနားယူ၍ နေလေသည်။

ဘယ်သူကမှ သူ့အား အနှောင့်အယှက်ပေးခြင်း မရှိပုံမှာ ပုံမှန်အတိုင်း အလုပ်များနေသည့် စာရင်းအဖွဲ့ဝင်များအတွက် အနှီလူမှာ ကိုယ်ပျောက်နေသည့်ပုံနှယ် ဖြစ်ပေသည်။

ကျိုးချင်ပေါ် အသုံးပြုနေသော ပုံမှန် ရုံးသုံးထိုင်ခုံလေးမှာ ထူးဆန်းစွာဖြင့် ခြေတင်ပါသည့် ဇိမ်ခံထိုင်ခုံအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျိုးချင်ပေါ်သည် ခန္ဓာကိုယ် တစ်ခုလုံးအား စိတ်ရှိလက်ရှိပင် ထိုထိုင်ခုံထက်၌ ပစ်မှီထားကာ သူ၏ အပေါ်ဝတ်အင်္ကျီမှာ သူ့ခန္ဓာကိုယ်တစ်ဝက်အား ဖုံးကွယ်ထားပေးရင်း နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပေသည်။

မနက်ပိုင်းတွင် နေရောင်ခြည်ခပ်ပျပျမှာ နံရံနှင့် ကြမ်းပြင်မှ မျက်နှာကြက်အထိ အပြည့်ဖြစ်နေသည့် ပြတင်းပေါက်ကြားရှိ ထောင့်လေးသို့ ထိုးကျနေသည်။

အလင်းတန်းခပ်သွယ်သွယ်လေးမှာ ကျိုးချင်ပေါ်၏ ခန္ဓာကိုယ် တစ်ဝက်အား လွှမ်းခြုံထားပြီး တစ်ဖက်သူမှာ ထိုနေရောင်ကြောင့် အနှောင့်အယှက်ဖြစ်ဟန်ဖြင့် သူ့မျက်နှာတစ်ခုလုံးအား အင်္ကျီကော်လာကြားတွင် ပုန်းကွယ်ထားသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now