Part 5 - Dating...dating love alumni association

387 75 0
                                    

စာတိုလေးမှာ ကျောက်ခဲတစ်တုံးအား သမုဒ္ဒရာအတွင်းသို့ ပစ်ချလိုက်သလိုပင် နေ့လယ်ခင်းမှ ညနေတိုင်အောင် ဘာတုံ့ပြန်မှုမှ ပြန်လည် ရရှိခြင်း မရှိခဲ့ပါချေ။

ဖေယို့မှာ လူမှုဆက်ဆံရေးတွင် ညံ့ဖျင်းသည်ဟု ဆိုနိုင်သော်လည်း သူသည် တုံးအနေသည်တော့ မဟုတ်ရပါချေ။ သူသည် ဒီတုံ့ပြန်ခြင်း ကင်းမဲ့သည့် အပြုအမူတစ်ခုနှင့်ပင် ကျိုးချင်ပေါ်၏ အဖြေအား ကောင်းစွာသဘောပေါက်သွားရပြီ ဖြစ်လေသည်။

အရွယ်ရောက်ပြီးသားသူများအတွက်မူ ငြင်းဆိုခြင်းသည်မှာ ဆိတ်ငြိမ်သလို ညင်လဲညင်သာလှပေသည်။ ဖေယို့သည် ဒေါသထွက်သည်မဟုတ်ဘဲ ကျိုးချင်ပေါ်မှာ အမှန်တကယ် စိတ်ဝင်စားရန် ထိုက်တန်သည်ဟု တွေးမိသည့်အတွက် အနည်းငယ် နှမြောတသ ဖြစ်မိရုံသာ ဖြစ်လေသည်။

သို့ပေမဲ့ ဖေယို့မှာ blind date တော်တော်များများ အလုပ်မဖြစ်သည်အား တွေ့ကြုံခံစားဖူးလေပြီ ဖြစ်ရာ ဒီလို ရလဒ်မှာ အံ့ဩစရာတော့ မဟုတ်ပါချေ။

ထို့ကြောင့် သူသည် ထိုကိစ္စအား ခေါင်းထဲ တရေးတယူ ထည့်ထားခြင်းတော့ မရှိပါချေ။ သို့ပေမဲ့ ထိုဖြစ်အင်တစ်ခုလုံးအား ပွဲကြည့်ပရိသတ်လုပ်နေသည့် ဖေဇီကတော့ အိုးကမပူဘဲ စလောင်းက ပူမိကာ နာရီဝက်အတွင်းမှာပင် သက်ပြင်းသုံးကြိမ်သုံးခါတိုင်တိုင် ခါမိနေနှင့်ပြီ ဖြစ်လေသည်။

"ငါ နားကိုမလည်ဘူး"

ဖေဇီမှာ ဆိုဖာထက်တွင် လဲလျောင်းရင်း ဖေယို့ကာ အရိပ်တကြည့်ကြည့် လုပ်နေကာ ပူပန်ဟန်ဖြင့်ပြော၍လာသည်။

"အစ်ကို, နင် ဘာတွေလျှောက်လုပ်ခဲ့တာတုန်း?!"

ဖေဇီမှာ အမှန်တကယ်ပဲ ထိုပြသနာအား အဖြေမထုတ်နိုင်ခြင်း ဖြစ်လေသည်။ သူမ၏ မျက်လုံးထဲတွင်တော့ ဖေယို့မှာ ကြည့်ကောင်းသော ပညာတတ်တစ်ယောက် ဖြစ်ကာ အလုပ်အကိုင် ကောင်းကောင်းလဲ ရှိသေးသည်။ ထိုအချက်အလက်များကို ကြည့်ခြင်းဖြင့် ဖေယို့တစ်ယောက် ဒီလို မလှမပဇာတ်သိမ်းဖြင့်သာ အဆုံးသတ်သွားရသည်မှာ ယုတ္တိမတန်လှပါချေ။ အကယ်၍ ဂေးအသိုင်းအဝိုင်းတွင် သတ်မှတ်စံနှုန်းထားမှာ မြင့်မားသည် ဆိုစေဦးတော့, ဖေယို့မှာ အနည်းဆုံး တစ်ခု, နှစ်ခုလောက်တော့ အဆင်ပြေခဲ့သင့်သည်။ သူမ၏ အစ်ကိုတော် ဖြစ်သူတစ်ယောက် အကြိမ်တိုင်း အဆုံးသတ် မကောင်းရသည်မှာ တကယ်ကို ထူးဆန်းလှသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now