မိုးသည် တစ်ညလုံး အဆက်ပြတ်သည်ဟူ၍ မရှိခဲ့လေရာ အရုဏ်ဦးမှပင် ကောင်းကင်တစ်ခွင် မိုးသားတိမ်တိုက်တို့ ပြန်လည် ကင်းစင်ကာ ကြည်လင်၍ လာလေသည်။ မနက် ၇နာရီခွဲအချိန်တွင် ဖေယို့ ကြိုတင် စီစဉ်ထားသော ကားမှာ ဟော်တယ် ရှေ့တွင် အဆင်သင့်စောင့်ဆိုင်းနေပြီ ဖြစ်သည်။ ဖေယို့သည် ကားနံဘေးတွင် ရပ်၍ နာရီအား တကြည့်ကြည့် ဖြစ်နေကာ ကျိုးချင်ပေါ် ကို သွားခေါ်ရနိုးနိုး မခေါ်ရနိုးနိုး ဖြစ်၍ နေလေသည်။
လွန်ခဲ့သည့် နာရီဝက်က ဖေယို့သည် ကျိုးချင်ပေါ် အား နှိုးရန်အတွက် အခန်းတံခါးအား ခေါက်လိုက်သည့်အခါ တစ်ဖက်သူမှာ သူ နိုးနှင့်နေပြီ ဖြစ်ကြောင်း တံခါးနောက်မှ အသံပြု၍လာလေသည်။ ထို့ကြောင့် ဖေယို့မှာ အခန်းတွင်းသို့ ဝင်သွားမည့်အစား အောက်ထပ်သို့ ဆင်းလာကာ စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။
ကံကောင်းစွာဖြင့် ကျိုးချင်ပေါ် မှာ သူတို့ အစီအစဉ်အား အမှတ်ရနေသည့်ဟန်တူပြီး ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ကျိုးချင်ပေါ် တစ်ယောက် လှေကားမှ ဆင်းလာသည်အား တွေ့လိုက်ရလေသည်။
ကျိုးချင်ပေါ် မှာ မလှုပ်တလှုပ်ပုံစံဖြင့် တလှမ်းချင်း လှမ်းနေကာ ဖေယို့အား တွေ့သည့်အခါ နှုတ်ဆက်သည့်သဘောဖြင့် လက်အား ဝှေ့ယမ်းပြလေသည်။
"Good morning"
ကျိုးချင်ပေါ် သည် သမ်းလိုက်သည့် အသံတစ်ဝက်၊ စကားပြောသည့် လေသံတစ်ဝက် ရောယှက်ကာ ပြော၍လာလေသည်။
"Good morning"
ဖေယို့သည် ပြောရင်းဖြင့် သူ၏ နာရီအား ငုံ့ကြည့်လိုက်သည်။
၇နာရီ ၄၅ မိနစ် ကွက်တိဖြစ်သည်။
"တစ်ခါမှ အိပ်ရာစောစော မထဘူးတာ တကယ်လား?"
ဖေယို့သည် အပြုံးလေးတစ်ပွင့်ဖြင့် မေးလာကာ ကျိုးချင်ပေါ် တစ်ယောက် အနားသို့ လျှောက်လာမည်အား စောင့်ဆိုင်းနေကာ တစ်ဖက်သူအတွက် ကားတံခါးဖွင့်ပေး၍ လာလေသည်။
(T/N Ahhhh Princess Treatment!!!)
ကျိုးချင်ပေါ် သည် အားတုံ့အားနာဟန် မပြုမူနေပါချေ။ သူသည် ကိုယ်ကို ကိုင်း၍ ကားအနောက်ခန်းသို့ ဝင်သွားကာ အကျအန နေရာယူလိုက်ပြီးနောက် ဖေယို့အား သူနားတွင် လာထိုင်ရန် နံဘေးရှိ ထိုင်ခုံနေရာလေးအား ပုတ်ပြလာသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...