Part 56 - He surprisingly didn't dare to look at his eyes

231 39 1
                                    

ကျိုးချင်ပေါ်သည် အနိုင်ပိုင်း၍ ပြောဆိုရာတွင် တော်သော်လည်း ပြန်လည် ချေပရာ၌ အားနည်းသည့်သူ တစ်ဦးဖြစ်လေသည်။ 

ဖေယို့ကို စနောက်ရာတွင် သဘာဝကျကျ ပေါ့ပေါ့ပါးပါး ရှိလှကာ သူ့လက်ဖမိုးအား သူ ပြန်မြင်နေရသကဲ့သို့ပင် ဘာမှ ထူးဆန်းသည်ဟူ၍ မခံစားရပါချေ။ 

သို့ပေမဲ့ ဖုန်းရွှေပြောင်းကာ သူ စခံထိသည့်အလှည့်ရောက်လာသည့်အခါတွင်တော့ သူသည် လွယ်လင့်တကူ ကိုင်တွယ်နိုင်ခြင်း မရှိပါချေ။

သူသည် ဉာဏစွမ်းအကုန်သုံးကာ အတန်ကြာ စာစီပြီးနောက် နောက်ဆုံးတွင် အသံကျယ်ကျယ်ဖြင့် ပြောလာသည်။

"ထွက်သွားစမ်း"

"ဘာဖြစ်လို့လဲ?"

ကောရှင်းသည် အူမြူးဟန်ဖြင့် သူ့ကံကြမ္မာအား စမ်းသပ်လိုသည့်အလား မေးခွန်းထုတ်လာသည်။

"စလို့တောင် မရတော့ဘူးလေ? ဟင်? မရတော့ဘူးပေါ့"

ကျိုးချင်ပေါ်  "..."

ကျိုးချင်ပေါ်သည် မသိစိတ်၍ စေ့ဆော်မှုအရ ပြန်လည်ချေပရန် ပါးစပ်အား ဖွင့်လိုက်သော်လည်း စကားလုံးတစ်လုံးမျှ မထွက်ပေါ်လာပါချေ။ 

ဘား၌ သီချင်းသံမှာ နားစည်ကွဲလုမတတ် ကျယ်လောင်လွန်းလှသည်။

ကျိုးချင်ပေါ်သည် လုပ်မိလုပ်ရာဖြင့် အနားရှိ ရေခဲခွက်လေးအား လှမ်းယူမိလိုက်လေရာ ထိုခွက်ထံမှ အေးစက်စက် အထိအတွေ့က သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ အနည်းငယ် ကျင်တင်တင် ခံစားချက်အား ပူးတွဲခေါ်ဆောင်လာလေသည်။ 

ခဏတာလောက် ကျိုးချင်ပေါ်မှာ အံ့ဩစရာကောင်းလှစွာပင် ဖေယို့နှင့် မျက်လုံးချင်းမဆုံရဲပါချေ။ 

ဤအခိုက်အတန့်၌ ဖြစ်ပေါ်နေသည့် သူ၏ ခံစားချက်အား ရှင်းလင်းဖော်ပြရန်မှာ ခက်ခဲလှသည်။ 

သူသည် ကောရှင်းအား သိလာသည်မှာ အတော်လေးကြာပြီ ဖြစ်ကာ အရွယ်ရောက်ပြီးသူအနေဖြင့် သူတို့နှစ်ဦးသားကြားတွင် ချုပ်တည်းထားခြင်းမရှိသော ဘွင်းဘွင်းရှင်းရှင်း စကားပြောခန်းများသည်လည်း အမြဲလိုလို ရှိခဲ့သည်။ 

You've reached the end of published parts.

⏰ Last updated: Oct 01, 2024 ⏰

Add this story to your Library to get notified about new parts!

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now