Part 16 - I suspect they embezzle public funds

288 62 4
                                    

တိုက်ဆိုင်စွာဖြင့်ပင် ကျိုးချင်ပေါ်၏ ဖုန်းနှင့် ဖေယို့၏ ဖုန်းမှာ အမျိုးအစား အတူတူပင် ဖြစ်ကာ မနှစ်ကမှ နောက်ဆုံးထွက်ထားသည့် အသစ်စက်စက် model များ ဖြစ်ကြသည်။ ထိုဖုန်းနှစ်လုံးအား ယှဉ်တွဲကာ ထားလိုက်သည့်အခါ အံ့အားသင့်စရာကောင်းလှစွာပင် မတူညီသော အရောင်နှစ်ရောင်ဖြင့် လိုက်ဖက်ညီလွန်းလှသည်။

ဖေယို့သည် သူ၏ တူအား ကိုင်ထားရင်း ဘယ်မှ ညာသို့ တစ်ချက်ကြည့်လိုက်ပြီး သူ့ဖုန်းအား ပြန်ကြည့်လိုက်ပြန်ကာ တစ်စုံတစ်ခု လွဲမှားနေသလို ခံစားမိသည်။

"ghosting လုပ်တာမျိုးကို ခွင့်မပြုဘူး?"

ဖေယို့မှာ အခုထိ ဆိုလိုရင်းအား သဘောမပေါက်သေးဟန်ဖြင့် မေးလာလေသည်။

"ဘယ်သူနဲ့လဲ?"

"ဘယ်သူရှိရဦးမလဲ?"

ကျိုးချင်ပေါ်သည် မျက်ခုံးတစ်ဖက် မြှင့်လိုက်ကာ တည်တည်ကြည်ကြည် ပြော၍လာသည်။

"သေချာပေါက်, ကိုယ်နဲ့ပေါ့"

ဖေယို့၏ မျက်နှာလေးထက်တွင် ရှုပ်ထွေးသောအမူအရာမှာ ထွက်ပေါ်လာသည်။

ကျိုးချင်ပေါ်မှာ တစ်ဖက်သူ၏ အတွေးအား သူ၏ မျက်နှာအမူအရာမှ ဖောက်ထွင်းမြင်နေရတကား ဘေးဘက်သို့ ကိုင်းညွှတ်ကာ ဆွယ်တရားစဟောလာသည်။

"ဒီလိုလေ, အခု မင်းက ဘယ်လို နည်းမှန်လမ်းမှန်နဲ့ ဒိတ်လုပ်ရမလဲဆိုတာကို လေ့လာနေတာ, ဟုတ်တယ်ဟုတ်?"

ဖေယို့သည် ခေါင်းညိတ်ပြလာသည်။

"ဆိုတော့ မင်းအနေနဲ့ လက်တွေ့ ကျင့်ဖို့ လိုတယ်လေ"

ကျိုးချင်ပေါ်၌ အလွန်စည်းစနစ်ကျကာ ယုတ္တိဆန်သည့် အကြောင်းပြချက် တစ်ခု ရှိလေသည်။

"အဓိကက မင်း လေ့လာရမယ့်ဟာတွေ အကုန်လုံးက လက်တွဲဖော်ရှာဖို့လေ။ ဒါပေမဲ့ မင်းမှာ အတူလေ့ကျင့်ပေးမယ့် ကောင်လေးမရှိဘူးလေ ဟုတ်တယ်ဟုတ်?"

ရှင်းလင်းကာ ယုတ္တိကျလှသည်။

ထို့ကြောင့် ဖေယို့သည် ခေါင်းထပ်ညိတ်ပြလာသည်။

"ဒါဆို..."

ကျိုးချင်ပေါ်သည် မျက်ခုံးတစ်ဖက်အား မြှင့်လိုက်ကာဖြင့် ပြောလာသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now