Black Bar ၏ စည်းမျဉ်းစည်းကမ်းများ အရ ကျိုးချင်ပေါ်၏ ဖျော်ဖြေတင်ဆက်မှု ပြီးသည့်နောက်တွင် ပထမဆုံးသော ထိုဖန်ခွက် တာဝါတိုင်ကြီးမှာ အခမဲ့သာ ဖြစ်၍ ဧည့်သည်အားလုံး သုံးဆောင်နိုင်စေရန်အတွက် တစ်ယောက် တစ်ခွက်နှုန်းကျ ကန့်သတ်ထားလေသည်။
ထိုသတ်မှတ်ချက်မှာ အတော်လေး ကောင်းမွန်လှသည့် အစဉ်အလာဖြစ်ပြီး ကျိုးချင်ပေါ်၏ ဖျော်ဖြေတင်ဆက်မှု ပြီးသည်နှင့် စတိတ်စင် အနားရှိ ပရိသတ်များမှာ စတင် စုရုံးလာကြပြန်ကာ ဖေယို့မှာ လူအုပ်ကြီးနှင့် အတူ ပါသွားပြန်၍ စတိတ်စင်နှင့် တရွေ့ရွေ့ နီးကပ်လာခဲ့သည်။
ကျိုးချင်ပေါ်မှာ စတိတ်စင်အလယ်၌ ဦးညွှတ်နှုတ်ဆက်ခြင်းအား ပြုပြီးနောက် ဘေးဘက်သို့ ခြေလှမ်းအနည်းငယ်စာ ရွေ့လိုက်ကာ ခဏတာ အနားယူရန် စင်ထောင့်ဘက်ရှိ ထိုင်ခုံမြင့်တစ်ခုတွင် နေရာဝင်ယူလိုက်လေသည်။
အရိပ်အကဲ အခတ်မြန်သည့် ဝန်ထမ်းလေးမှာ သူ့အကြောင်းအား ကောင်းစွာ နောကြေနေပြီး ဖြစ်လေရာ သူ့ထံသို့ ကိုလာတစ်ပုလင်း ကမ်းပေးလာကာ ခပ်ပြုံးပြုံးဖြင့် စကားစမြည် ပြော၍လာသည်။
"ဒီနေ့လူအုပ်ကြီးက အရင်နေ့တွေထက် ပိုပြီး တက်ကြွနေတယ်, ကျိုးကော။ အစ်ကို မလာတာကြာပြီဆိုတော့ ဒီလို ပွဲမျိုးတွေကို လူတိုင်း မကြည့်ဖူးကြသေးဘူးလေ"
ကျိုးချင်ပေါ်မှာ အေးစက်စက် ကိုလာပုလင်းအား သူ့လည်ပင်းထက်သို့ တင်ကာ အပူဒဏ်အား လျော့ကျစေလိုက်ပြီး ကုတ်အင်္ကျီ၏ အိတ်ကပ်ထဲမှ စုပ်လုံး တစ်လုံးအား ထုတ်လိုက်လေသည်။ ထို့နောက်တွင်တော့ သူသည် အခွံအား ကိုက်ဖောက်လိုက်ကာ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။
"အဲ့လိုလား?"
သူသည် မျက်ခုံးတစ်ဖက် ချီကာ ပြုံးစစ မျက်နှာပေးဖြင့် မေး၍လာသည်။
"ဒါဆို ဒီမှာ နည်းနည်းကြာကြာလေး ဆက်နေပေးမှ ထင်တယ်"
ဝန်ထမ်းလေးများမှာ သောက်စရာများအား တာဝန်ယူ ဝေငှပေးနေစဉ် ကျိုးချင်ပေါ်မှာ ထုံးစံအတိုင်း လူအုပ်ကြီးအား ဝေ့ဝဲကာ ကြည့်ရင်း ဘယ်သောအခါကမှ ရိုးအီသွားနိုင်ခြင်း မရှိသည့် အောင်မြင်မှု အရသာအား ယစ်မူးခံစားနေလေသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...