Part 49 - Come back soon to support me

121 26 3
                                    

ကျိုးချင်ပေါ် နိုးလာသည့်အခါ အပြင်ဘက်၌ အတော်လေး လင်းနှင့်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် စခန်းအတွင်းရှိ မာကျောလှသည့် ခုံတန်းထက်၌ တစ်ယောက်ထဲ လဲလျောင်းနေကာ ဖေယို့သည် သူ့အနား၌ မရှိတော့ပါဘဲ ထိုအစား  ကုတ်အင်္ကျီအဟောင်း တစ်ထည်အား လုံးထွေးကာ သူ့ခေါင်းအောက်တွင် ခုထားပေးလေသည်။ 

ကျိုးချင်ပေါ်သည် အနည်းငယ် ရီရီဝေဝေဖြင့် လှိမ့်လိုက်သည့်အခါ သူ့အား ခြုံထားပေးသည့် စောင်အဟောင်းလေးမှာ လျောကျသွားရသည်။ 

သူ့အား ရစ်ထွေးပေးခဲ့သည့် လက်ဖက်ခြောက်ရနံ့လေး ပျောက်ကွယ်သွားနှင့်သည်မှာ ကြာမြင့်လှပြီဖြစ်ကာ ထိုအစား ခပ်စူးစူး ဆေးရွက်ကြီး အနံ့က နေရာဝင်ယူထားလေသည်။ 

ကျိုးချင်ပေါ်သည် မအီမသာ ဖြစ်မှုကြောင့် သူ့မျက်ခုံးများအား တွန့်ချိုးလိုက်ကာ သူ့မျက်လုံးများအား ပြတင်းပေါက်မှတဆင့် တိုးဝင်လာသည့် နေရောင်စူးစူးမှ ကာကွယ်နိုင်ရန် သူ၏ လက်အား မြှောက်လိုက်သည်။ 

ကျိုးချင်ပေါ်သည် သူ့ကိုယ်ပေါ်မှ ဒဏ်ရာငယ်လေးများမှာ သက်သာလုနီးပါး ဖြစ်နေသည်အား သိလိုက်ရသော်လည်း အရက်နာကျသောဒဏ်ကတော့ မသက်သာလှပါချေ။ ကျိုးချင်ပေါ်၏ ခေါင်းမှာတဆစ်ဆစ် ထိုးကိုက်နေပြီး လည်ချောင်းမှာလဲ ခြောက်သွေ့နေသည်။ 

သူ၏ အနှီရီဝေဝေ စိတ်အခြေအနေ၌ အတွေးတစ်ခုတည်းကသာ သူ၏ စိတ်အာရုံအား ကြီးစိုးနေသည်။ 

ဖေယို့ ဘယ်များ ရောက်နေတာလဲ? 

သူသည် တွေးလိုက်မိသည်။ 

မနေ့ည ဖေယို့ သူ၏ အနားတွင် ရှိသည့်အချိန်၌ သူသည် ဘာကိုမှများများစားစား မတွေးမိသော်လည်း အခု သူ မျက်လုံးများ ဖွင့်ဖွင့်ချင်း ဘယ်သူ့ကိုမှ မမြင်ရတော့သည့်အခါ သူ အိပ်နေသည့် ခုံတန်းမှာ ရုတ်ချည်း မာလာကာ၊ နံရံများမှာ အလွန်အေးစက်စက်နိုင်လှပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက နာကျင်လာသလို ခံစားလိုက်ရသည်။ 

သူသည် လုံးဝဥဿုံ မသက်မသာ ဖြစ်၍လာသည်။ သူသည် လက်ရှိ စိတ်အခြေအနေအား ဖော်ပြနိုင်ရန် မစွမ်းသာပါဘဲ စွန့်ပစ်ခံလိုက်ရသည်ဟူသော ခံစားချက်တစ်ခုတည်းကသာ ကြီးစိုးနေပြီး သူ့နှလုံးသားထဲ၌လည်း ခါးသက်သက် ဖြစ်၍နေသည်။ 

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now