Part 19 - Did you get it?

284 59 5
                                    

တသောသော ရယ်မောနေသည့် တစ်ဖက်သူ ပုံစံအား ကြည့်ကာ ဖေယို့သည် ကျိုးချင်ပေါ်မှာ သူ့အား စနောက်နေပြန်ပြီ ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

သူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်ပြီး တစ်ဖက်သူလက်တွင်းမှ ကိုလာဘူးလေးအား ပြန်ယူရန် ပြင်လိုက်သည်။

"ခိုးယူတယ်ဆိုတာ တရားမဝင်တဲ့အလုပ်ပဲ"

ဖေယို့သည် ပြောလာသည်။

"ပြန်ပေးပါ"

"မပေးပါဘူး"

ကျိုးချင်ပေါ်သည် တစ်ဖက်သူ၏ ကိုလာဘူးလေးကို ပြန်ရရန် ကြိုးပမ်းမှုအား ရှောင်ရှား၍ ခပ်ညစ်ညစ် ပြုံးကာ ပြောသည်။

"ကိုယ့်လက်ထဲမှာ ရှိနေမှတော့ ကိုယ့်အပိုင် ဖြစ်သွားပြီပေါ့"

ဖေယို့သည် ယခုလို စဟယ်နောက်ဟယ် အခြေအနေမျိုးအား စိတ်ထဲမထားပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျိုးချင်ပေါ်သည် အတည်ပေါက်ခြင်း လုပ်နေခြင်းမဟုတ်ဘဲ သူ့ကို ကျီဆယ်နေခြင်းသာ မဟုတ်လား။

ဖေယို့သည် ခုံတန်းများအား ကွေ့ပတ်သွားလိုက်ကာ ခရီးဆောင်အိတ်နှစ်ခုအား ရွေ့လိုက်ပြီး ကျိုးချင်ပေါ်နှင့် မလှမ်းမကမ်းတွင် ထိုင်ချလိုက်သည်။

ထို့နောက်တွင်တော့ ကျိုးချင်ပေါ်သည် ပေါ့ပေါ့ပါးပါးပင် ဆိုလာသည်။

"ခုနတုန်းက နောက်လိုက်တာ"

သူသည် ကိုလာတစ်ငုံအား သောက်လိုက်ပြီး လက်တစ်ဖက်က သူ့ခေါင်းအား ထောက်ပံ့ထားရင်း ကျန်လက်တစ်ဖက်က အအေးဘူး ဖောက်ရန် ပြုလုပ်ထားသည့် သံကွင်းလေးအား ကစားနေကာ ဖေယို့ထံ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာဖြင့် ကြည့်လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ်, လူမြင်ကွင်းကြီးမှာ ခိုးတာမျိုး လုပ်လို့မှ မရပဲ"

ကျိုးချင်ပေါ်သည် စကားဆိုလာသည်။

"ဒါဆို ဘယ်နေရာမှာများ လုပ်သင့်သလဲ?"

ဖေယို့သည် ဒီတစ်ခါတော့ မေးခွန်းပြန်ထုတ်လာသည်။

ထိုမေးခွန်းမှာ ကျိုးချင်ပေါ်အား တုံ့ဆိုင်းသွားစေသည်။ သူသည် မျက်လုံးအား လှိမ့်လိုက်ပြီး သူ့မေးစေ့အား ထိကာ ခဏတာ စဉ်းစားပြီးနောက် မရေမရာ အဖြေပြန်ပေးလာသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now