Part 44 - Working overtime with you

131 30 0
                                    

စကားဆုံးသည်နှင့် သူတို့နှစ်ဦးသားမှာ အလွန်တည်တံ့သော မျက်နှာထားဖြင့် တစ်ဦးကို တစ်ဦးအား လှမ်းကြည့်မိကြသည်။ 

လျိုရှင်းတစ်ယောက် အစိုးရအရာရှိများနှင့် လက်ဝါးချင်းရိုက်ကာ ဌာနချုပ်၏ မ,တည်ငွေအား အလွဲသုံးစား လုပ်နေသည် ဖြစ်စေ၊ လျိုရှင်းတစ်ယောက်တည်း အရဲစွန့်ကာ အစိုးရနှင့် ပတ်သတ်သည့် စာချုပ်စာတမ်းများအား အတုလုပ်ထားသည် ဖြစ်စေ၊ ဒီပြသနာမှာ 'ပူးပေါင်းဆောင်ရွက်သည်' ဟူသော ဘောင်အား ကျော်လွန်သွားကာ ဖြစ်ကာ ထုတ်ပြောရန်ပင် မသင့်သည့် နောက်ဆုံးစည်းမျဉ်းအား ကျူးကျော်လိုက်ခြင်းပင် ဖြစ်သည်။ 

တစ်ဖက်ခြမ်းရှိ လမ်းဘေးဆိုင်လေးထဲတွင် အလုပ်သမားများမှာ မကျေမချမ်း ရေရွတ်နေကြဆဲ ဖြစ်သည်။ လုပ်ငန်းခွင် တာဝန်များမှ အသေးအဖွဲ ကိစ္စများအထိ သူတို့ပြောလေလေ သူတို့၏ မကျေနပ်ချက်မှာ ပို၍ ကြီးထွားလာလေလေ ဖြစ်သည်။ 

 ဘီယာပုလင်းများ ထိခတ်သွားသံမှာ အဆက်မပြတ်ထွက်ပေါ်နေပြီး တခါတရံ သူတို့ စကားများ၌ လျိုရှင်းနှင့် တခြားတာဝန်ရှိသူများ အကြောင်း ရောနှောပါလာတတ်သည်။ 

"ကြည့်ဦး"

ကျိုးချင်ပေါ်မှာ သက်ပြင်းခပ်မျဉ်းမျဉ်းချလိုက်သည်။

"လျိုရှင်းက လမ်းကြောင်းကို သေသေချာချာတောင် မရှင်းထားဘူး။ အခုတော့ ပြသနာတက်ပြီ"

"သူက ဌာနချုပ်ဘက်ကနေ ကိုယ်တိုင်ကိုယ်ကျ လာပြီး စုံစမ်းလိမ့်မယ်လို့ မတွေးထားခဲ့ဘူး ထင်တယ်"

ဖေယို့သည် တုံ့ပြန်စကားဆိုလာသည်။ 

ဤကဲ့သို့ မြို့ငယ်လေး သို့မဟုတ် နေရာငယ်လေးမျိုးတွင် အကြံအဖန်သမား တစ်ယောက်သည် ဒေသတွင်း အာဏာလေး ရလာသည်နှင့် ဘဝင်ရူး ရူးသွားကြကာ သူတို့ ဘာလုပ်လုပ် ဘာပြသနာမှရှိလိမ့်မည် မဟုတ်ဟု အထင်ရောက်သွားတတ်ကြသည်။ 

ထိုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ဖန်များလာသည့်အခါ သူတို့၏ အတ္တမှာ တားမရဆီးမရ အခြေအနေသို့ ရောက်ရှိလာသည်။ အချိန်ကြာသည်နှင့်အမျှ တရားဥပဒေများကို ချိုးဖောက်ခြင်းသည်လျှင် သူတို့၏ 'လုပ်နိုင်စွမ်း' အား စမ်းသပ်မှု တစ်ခု ဖြစ်သည်ဟု ထင်လာကြကာ သူတို့သည် အတောင်လေး တဖြန့်ဖြန့်နှင့် နေရာတိုင်း၌ အာဏာပြရန် ကြိုးပမ်းပေလိမ့်မည်။ 

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now