Part 6 - Wishing us a pleasant work day tomorrow

417 85 2
                                    

ဖေယို့ "...."

ကျိုးချန်ရှန် "..."

ကျိုးချင်ပိုင်သည် သူ၏ ဆင်ခြေမှာ တော်တော်လေး ယုတ္တိမရှိလှကြောင်း သိသော်လည်း ခေါင်းပူနေသည့် အချိန်အတွင်းမှာတော့ သူသည် ဒီထက်ကောင်းသော ဆင်ခြေကိုလဲ မစဉ်းစားနိုင်ပါချေ။

သို့ပေမဲ့ ကျိုးချန်ရှန်မှာ ပြောတိုင်း ယုံတတ်သည့် ပုတ်သင်ညိုလေးတော့ မဟုတ်ရပါချေ။ သူသည် မျက်ခုံးတစ်ဖက် မြှင့်ကာဖြင့် မေး၍လာသည်။

"ဒါပေမဲ့ မစ္စတာဖေက ပေကျင်းတက္ကသိုလ် စီမံခန့်ခွဲရေးဌာနက ဘွဲ့ရတာလေ။ မင်းက သူ့ကို ဘယ်နေရာမှာ သိတာတုန်း?"

ကျိုးချင်ပိုင် "..."

သေလိုက်ပါတော့, ကြက်ကန်း ဆန်အိုးလေးတောင် မတိုးသွားဘူး။ ဟိုတစ်ယောက်က ဟိုက်ပါကြီး ပါလားဟေ...

ကျိုးချင်ပိုင်သည် သူ့ဘာသာသူ တွေးတောလိုက်မိသည်။

သို့ပေမဲ့ အခြေအနေမှာ ဒီအထိတောင် ရောက်ရှိလာပြီ ဖြစ်လေရာ ကျိုးချင်ပိုင်မှာ နောက်ထပ် ဉာဏ်နီဉာဏ်နက်တစ်ခု ထုတ်သုံးရန်သာ တတ်နိုင်တော့လေသည်။

သူသည် ဖေယို့အား တချက် လှမ်းကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် ဖေယို့မှာ အမြဲတစေ မောင်ရိုးသားလေး ဇာတ်ရုပ်နှင့်သာ အသားကျလေရာ တစ်ဖက်သူ၏ အကူအညီတောင်းသည့် အချက်ပြမှုအား လက်ခံရရှိပါသော်လည်း ဘာမှမတတ်နိုင်ပါချေ။

"ကျွန်..ကျွန်တော်တို့..က"

ကျိုးချင်ပိုင်သည် ဦးနှောက်အား မနားမနေ အလုပ်ပေးပြီးသည့်နောက်တွင်တော့ အကြံတစ်ခု ပေါ်ထွက်၍လာလေသည်။

"ကျွန်တော်တို့က အထက်တန်းကျောင်း နွေရာသီစခန်းသွားရတုန်းက အတန်းဖော်တွေ ဖြစ်ခဲ့တာ။ ကျွန်တော်တို့ သိုးမွေးထိုးတဲ့အတန်း ကို အတူတူ တက်ခဲ့တာလေ"

ကျိုးချန်ရှန် : "...."

(T/N အကိုကြီးလဲ သူ့ကြောင့် ဆွံ့အ ရလွန်းလို့ စကားတောင် ပြန်ပြောတတ်ပါ့တော့မလား?)

ဘယ်လို သောက်ကျိုးနည်း အကြောင်းပြချက်ကြီးတုန်း?

ကျိုးချန်ရှန်မှာ တွေးလိုက်မိသည်။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now