Part 52 - You defended my dignity and honor in life

178 28 0
                                    

ကျိုးချင်ပေါ်မှာ ဖေယို့တစ်ယောက် အတော်လေး ထူးဆန်းနေသည်ဟု ခံစားရသည်။

တစ်ဖက်သူမှာ အရင်ကထက်စာလျှင် အတော်လေး ...... တက်တက်ကြွကြွရှိလာသည့် ပုံရသည်။ ဖေယို့သည် နူးညံ့ညင်သာသော်လည်း အမြဲတစေ မထင်မပေါ် ခပ်လျိုလျို နေတတ်သော အကျင့်စရိုက်ရှိသည်။ 

ယခုကဆိုလျှင် တစ်ခုခုလုပ်ရန် စတင်ဦးဆောင်ကာ ဆွဲဆောင်သိမ်းသွင်းရသူမှာ ကျိုးချင်ပေါ် ဖြစ်သည်။ သို့ပေမဲ့ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဖေယို့မှာ တမျိုးတဖုံ ပြောင်းလဲသွားပုံရလေသည်။ 

သူ့မှာ  တစ်ခုခုဆိုတာနှင့် ဖင်တကြွကြွ ဖြစ်နေသလိုပင်...

မနက် ၁၀နာရီ အချိန်တွင် တစ်စုံတစ်ယောက်မှာ ကျိုးချင်ပေါ်၏ တံခါးအား အတိအကျ လာခေါက်လေသည်။ 

သူသည် အိပ်နေရာမှ နိုးသွားရပြီး အကျင့်ဖြစ်နေသည့်အတိုင်း ခေါင်းအုံးအောက်မှ သူ၏ ဖုန်းအား ရှာလိုက်ကာ အချိန်အား စစ်ကြည့်လိုက်သည်။ 

ဖုန်းမျက်နှာပြင်ထက်တွင် ပြနေသည့်အချိန်မှာ တစ်မိနစ်ပင် နောက်ကျခြင်း၊ စောခြင်းမရှိပါဘဲ ၁၀နာရီတိတိ ဖြစ်လေသည်။ 

ကျိုးချင်ပေါ်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ညစ်ညူးစွာဖြင့် သူ့ဆံပင်အား ဆွဲဆုပ်လိုက်ကာ အိပ်ရာထက်မှ ထွက်လိုက်၍ လေလွင့်နေသည့် ဝိဉာဉ်တစ်ကောင်နှယ် တံခါးဆီ တရွတ်တိုက်ဆွဲလာသည်။ 

"မင်းမှာ စူပါပါဝါတစ်ခုခုများ ရှိနေရော့လား?"

ကျိုးချင်ပေါ်သည် တံခါးအား ဖွင့်ရင်း နှာသံဖြင့် စောဒကတက်လာသည်။ 

"ဒါမှမဟုတ်ရင် လူပုံစံလုပ်ထားတဲ့ နှိုးစက်နာရီကြီးများလား?"

တံခါးအပြင်ဘက်ရှိ ဖေယို့မှာတော့ သပ်ရပ်စွာ ဝတ်စားထားနှင့်နေပြီ ဖြစ်သည်။ သူသည် လက်တွင်း၌ ပါဆယ်ထုပ်အား ကိုင်ထားကာ ပလတ်စတစ်အတွင်း၌ ရေငွေ့လေး ခပ်မှိုင်းမှိုင်း ဖွဲ့တည်ထားလေရာ ထိုအထုပ်လေးမှာ ပူနွေးနေဆဲ ဖြစ်ကြောင်းသိနိုင်သည်။ 

"ဒီနေ့ မိုးရွာနေတော့ အောက်ထပ်က အီကြာကွေးဆိုင်က မဖွင့်ဘူး။ ဒါကြောင့် ဒီနေ့တော့ ဖက်ထုပ်စားကြရအောင်" 

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now