Part 3 - It's okay, I have experience

495 93 8
                                    

ဒီလူကတော့ အပြင်ဘက်မှာ ရှိုးစမိုးအပြည့်နဲ့ အတွင်းပုပ် ကုတ်စေးကုတ်ကြီးပါလား...

ကျိုးချင်ပေါ်သည် ထိုသို့ တွေးလိုက်မိသည်။

ကျိုးချင်ပေါ်မှာ တစ်ခါမှ Blind date မလုပ်ဖူးလေရာ ယနေ့ခေတ်တွင် Blind date လုပ်ရာ၌ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ရှိမှန်း မသိပါချေ။ သို့ပေမဲ့ သူသည် တချို့လူများ အင်တာနက်ပေါ်တွင် ကြင်ဖော်တွေ့ရာ၌ ကြုံရဆုံရတတ်သည့် လူထူးလူဆန်းများအကြောင်း တင်ကြသည်ကိုတော့ မကြာခဏ တွေ့ဖူးမြင်ဖူးသည်။

သူ့ရှေ့ရှိ လူမှာ ထိုစာရင်းထဲတွင် မပါဝင်သေးသော်လည်း ကမ်းပါးစွန်းတွင် ခြေတစ်ပေါင်ချိုးဖြင့် ရပ်နေပြီ ဖြစ်သည်။

ကျိုးချင်ပေါ်သည် သူ၏ အနေအထားအား သင့်သလို ပြန်ပြင်လိုက်ပြီး ဤကြောင်တောင်တောင်နိုင်လှသော လေထုတွင် အသက်ရှူပေါက်လေး ရလိုရငြား သူ၏ ကော်လာအား ပြန်ပြင်လိုက်လေသည်။

"ကောင်းပါပြီ"

ကျိုးချင်ပေါ်မှာ အပြုံးလေး တစ်ပွင့်ဖြင့် ဆိုလိုက်သည်။

"ဒါ ကိုယ့်ရဲ့ ပထမဆုံး blind date လေ၊ ဒါကြောင့် ကိုယ့်မှာ အတွေ့အကြုံ မရှိဘူး ဖြစ်နေတာ။ အကယ်၍ ကိုယ် မဆင်မခြင် လုပ်မိတာမျိုး ရှိရင် မစ္စတာဖေက ကျေးဇူးပြုပြီး နားလည်ပေးပါ"

ဖေယို့မှာ ကျိုးချင်ပေါ်ကဲ့သို့ တစ်ဖက်သူအပေါ် တွေးတောပေးတတ်သော ကြင်ဖော်လာတွေ့သူများအား တွေ့ခဲလေရာ တစ်ဖက်သူအပေါ် ထားသည့် သူ၏ အမြင်မှာ ပို၍ပင် တိုးတက်လာလေတော့သည်။

"ကိစ္စမရှိပါဘူး, ကျွန်တော့်မှာ အတွေ့အကြုံ အများကြီး ရှိပါတယ်"

ကျိုးချင်ပေါ် "...."

ကယ်ကြပါ...

ကျိုးချင်ပေါ်မှာ တွေးလိုက်မိသည်။

ငါ ဘယ်လို စကားပြန်ရမှာတုန်းဟ...

ကျိုးချင်ပေါ်မှာ နှစ်စက္ကန့်, သုံးစက္ကန့်လောက် နာမ်နှင့် ခန္ဓာကွာသွားပြီးမှ ခြောက်ကပ်ကပ် ရယ်သံတစ်ခုအား ထုတ်လွှင့်လာလေသည်။ သူသည် ကော်ဖီတစ်ခွက်အား ပင့်မလိုက်ကာ တစ်ငုံသောက်လိုက်ပြီး ဘာစကားမှ ဆက်မဆိုတော့ပါချေ။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now