ဖေယို့မှာ သူ၏ အခန်းအား ကော်ရစ်ဒါ၏ အဆုံးစွန်သော အတွင်းပိုင်း၌ ရှာတွေ့သွားပြီး အိတ်ကပ်ထဲမှ သော့ကတ်အား နှိုက်ကာ တံခါးဖွင့်ရန် ကတ်အား ဖြတ်လိုက်လေသည်။ သူသည် သူ၏ နှာခေါင်းလေးအား အလိုမကျဟန်ဖြင့် ပွတ်သပ်လိုက်ပြီး အဖန်တစ်ရာထပ်နေပြီ ဖြစ်သော လေလှိုင်းမှ စကားပြောခန်းအား နှောင့်ယှက်လိုက်သည်။
"ငါသိပြီလို့ _ တစ်ဖက်သူအတွက် ထိုင်ခုံနေရာ လုပ်ပေး၊ စားစရာကို မှာချင်ရာ လျှောက်မမှာနဲ့၊ ဘေကို အလိုက်တသိနဲ့ ကြိုရှင်းပေး ဒါပဲ မဟုတ်လား?"
ဖေယို့မှာ အခန်းတံခါးကတ်အား power slot ထဲတွင် ထည့်ပြီးနောက် သူ၏ လစ်လပ်နေသော ကျန် လက်တစ်ဖက်ဖြင့် အခန်းတံခါးအား ပိတ်လိုက်ကာ ဖုန်းအား ဘက်ပြောင်းကိုင်လိုက်လေသည်။
"ဘာကျန်သေးလဲ?"
လေလှိုင်း တစ်ဖက်ခြမ်းမှ လူမှာ ပြောစရာကျန်သေးသည့် အကြောင်းအရာများအား စဉ်းစားခန်းဖွင့်နေသဖြင့် တိတ်ဆိတ်မှုက ခဏတာ ကြီးစိုးသွားလေသည်။ ဖေယို့သည် ဖုန်းကိုင်ထားသော လက်မှာ အနည်းငယ် ညောင်းညာလာသဖြင့် speaker mode ကို ပြောင်းလိုက်ပြီး ဖုန်းအား စားပွဲခုံထက်တွင် တင်လိုက်ကာ ပြတင်းပေါက်ကို ဖွင့်ရန်အတွက် ဝရန်တာဆီ ဦးတည်လျှောက်သွားလိုက်သည်။
"အို, ဟုတ်သား!"
တစ်စုံတစ်ခုအား မှတ်မိသွားသည့်ဟန် ကြည်လင်လှသည့် အမျိုးသမီး အသံလေးမှာ ထွက်ပေါ်လာပြီး အလျင်အမြန် စကားဆိုလာသည်။
"နင် အရင်က blind date သုံးဆယ့်နှစ်ခါ လုံးမှာ အဖြစ်မရှိခဲ့ဘူးဆိုတာ မပြောလိုက်နဲ့နော်!"
ဝရန်တာမှ ပြတင်းပေါက်တံခါးမှာ နှစ်ဖက်နှစ်ချပ်လုံး ပွင့်လှစ်သွားလေရာ တသောသော ဝင်ရောက်လာသော လေပြည်ညှင်းများက ထိုစကားသံအား တိုက်တိုက်ဆိုင်ဆိုင်ပင် ဖုံးလွှမ်းသွားလေသည်။ ဖေယို့မှာ အစက သူမအား နောက်တစ်ခေါက် ထပ်ပြောပေးပါရန် ပြောဟန်ပြင်လိုက်သော်လည်း အစရှိ တနောင်နောင် ဖြစ်ကာ နောက်ထပ် နားစည်ကွဲမတတ် အကြံပေးစကားများကို ထပ်နားထောင်နေရမည်ကို စိုးသဖြင့် သူ့ မေးခွန်းကိုသာ ပြန်မျိုချလိုက်လေတော့သည်။
![](https://img.wattpad.com/cover/352949575-288-k611524.jpg)
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...